မင်္ဂလာပါ။ ..... ::: IT-PAOH Group ::: >> it-paoh.blogspot.com မှ ကြိုဆိုပါဧ။် .... itwinmaung@gmail.com သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။........ အကြံပေးလိုသည်များ ရှိပါက pndomember@gmail.com သို့ ပေးပို့နိုင်ပါသည်။.............. လာရောက်လည်ပတ်သူများ အထူးကျေးဇူးတင်လျက်ရှိပါသည်။

သာယာတယ်ဆိုတာ လှမ်းခဲ့ပါ

သာယာ လှပ တယ်ဆိုတာ သိအောင် လှမ်းခဲ့ပါ ရာသီမရွေးအမြဲစိမ်းလန်းနေဆဲပါ ..................................

လှပတဲ့ ဒို့ရွာလေးပါ

သာယာ လှပတဲ့ ဒို့ရွာလေးကို လှမ်းခဲ့ကြပါ အမြဲစိမ်းလန်းနေတဲ့ (ထမ်းဆန်း) Near Tum Sang Cave ..................................

တချိန်တုန်းက IT-PAOH Team

ပန်ခမ်းရွာ မူးယစ်ဆေးဝါတိုက်ဖြတ်ရေးနေ့တွင် IT-PAOH Team မှ ပါဝင်ခဲ့သည် ..................................

ပအိုဝ်းမောင်မယ်များ

by: IT-PAOH ..................................

COMPUTER SHOP

by : IT-PAOH .................................

ကလေးချင်းတူ ဘဝချင်းမတူ

by : IT-PAOH ..................................

သာယာလှပတဲ့ ဒို့ဌာနေ

by : IT-PAOH ..................................

သာယာလှပတဲ့ ဒို့ဌာနေ

by : IT-PAOH ..................................

အလည်တစ်ခေါက်

အဝေးရောက် နေသောသူငယ်ချင်းများနှင့် အမှတ်တရ .......................

အလည်တစ်ခေါက်ပြန်ရောက်ဖြစ်တာ

၂၀၁၂ ခုနှစ် အလည်တစ်ခေါက်ပြန်ရောက်ခဲ့ရတာ ရန်ကုန်မြို့

Showing posts with label News. Show all posts
Showing posts with label News. Show all posts

Download လုပ်ရန် မသိမဖြစ်နည်း (မဖြစ်မနေဖတ်ရန်)

KHAM TAN (IT-PAOH) 12:04:00 PM | ,

ကဲ ကျွန်တော့်ရဲ့ အကောင့်နဲ့ ဖိုင်တွေအားလုံးကိုတော့ Mediafire ဆိုက်ကကော ifile.it ကလည်းပဲ domain name ပြောင်းတဲ့အတွက်ကြောင့် (ifile.it to filecloud.io)ဖိုင်တွေအားလုံးပါသွားပါတယ်။ အဲ့တော့ ကျွန်တော့်အနေဖြင့် ဒီတစ်ခါရုတ်တရက် မသိနိုင်တဲ့နည်းလမ်းတစ်ခုနဲ့ ဖိုင်တွေကို တင်ပေးပါ့မယ်။ အဲ့အတွက်လည်း အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အဲ့တော့ အောက်ကနည်းအတိုင်း သွားကြရအောင်ဗျာ. လွယ်မယောင်နဲ့ နည်းနည်းရှုပ်တယ်လို့တော့ မထင်စေချင်ပါဘူး။ အကောင့်ကိုလဲ ပိတ်ပစ်လိုက်ပါတယ်။ နှမျှောပေမယ့် တစ်နည်းမဟုတ်ရင် နောက်တစ်နည်းနဲ့ ပြောင်းပြီးတော့ Download လုပ်ကြတာပေါ့ဗျာ . မဟုတ်ဘူးလား. အခုလုပ်နည်းကို ကျွန်တော် ဓါတ်ပုံနဲ့ကော video နဲ့ပါ ရှင်းပြပေးပါ့မယ်. အခုတော့ စိတ်နည်းနည်း ညစ်သွားတယ်ဗျာ. ifile ရော mediafire ကောပါဆိုတော့ အီစလံကို ဝေသွားတာပဲ။

Download လုပ်နည်း 
  • ခုဆိုက်ကို download လုပ်နေကြသူများကတော့ မသိပေမယ့် မကြာခဏဆိုသလို အမေးခံနေရပါတယ်. ဘယ်လို download လုပ်မလဲ ကိုညီနေမင်း။ software လဲ မဟုတ်ဘဲနဲ့ လျှောက်တင်ထားတယ်. Download လုပ်လို့လဲမရဘူး အဲ့လိုမျိုးပြောကြပါတယ်. တကယ်တော့ Download လုပ်မတတ်တာပါ။ လုပ်မရတာမဟုတ်ပါဘူး။ အဲ့တော့ ဘယ်လို Download လုပ်ရမလဲပြောပြပါ့မယ်. ပထမဦးစွာ မိမိ Download လုပ်လိုသည့် link (၃) မျိုးထဲမှ တစ်မျိုးကို နှိပ်ပါ။ အထက်ပါပုံကဲ့သို့ ပေါ်လာပါမည်။ ၅ စက္ကန့်စောင့်လိုက်ပါ။ ပြီးလျှင် မြှားပြထား သည့်  နေရာက SKIP ADD ဆိုတဲ့ စာလုံးကိုနှိပ်လိုက်ပါ။ အဲ့ဒါဆိုရင် မိမိ Download လုပ်လိုတဲ့ ဆိုက်ထဲကိုရောက်သွားပါပြီ။ အဲ့ဒီ့အဆင့်ရောက်လျှင် အောက်က အဆင့်အတိုင်း ဆက်လုပ် လိုက်ရပါမယ်။
  • ပထမဦးဆုံး Download လုပ်ပါ။ (password လိုအပ်လျှင် konyinaymin@gmail.com ကိုထည့်ပါ။)
  • ရလာသည့်ဖိုင်ကို Rename ပေးပြီး နောက်ဆုံးမှာ .rar ဆိုပြီးတော့ ထပ်ပြီးတော့ ထည့်ပေးရပါ့မယ်။ သဘောကတော့ format type ကို မသိစေချင်လို့ ဖျက်ထားတဲ့သဘောပါပဲ။ အဲ့တော့ ဖျက်ထားခဲ့တဲ့ format ဖြစ်တဲ့ .rar [ဒေါ့အာအေအာရ်] ကိုထည့်ပေးလိုက်ပြီး ဖိုင်ဖြေလိုက်ပါ။ တကယ်လို့ password တောင်းခဲ့ရင် ကျွန်တော့်ရဲ့ email လိပ်စာဖြစ်တဲ့ konyinaymin@gmail.com ကို ထည့်ပေးလိုက်ပါ။ ဒီဆိုက်နဲ့ပတ်သက်လာလို့ ဘယ်နေရာမှာပဲ လျှို့ဝှက်နံပါတ် တောင်းပါစေ. ကျွန်တော့်ရဲ့ အီးမေးလ်လိပ်စာ ကိုသာထည့်ပေးလိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။ အခုတင်ပေးလိုက်တဲ့ HJ split ကိုလည်း သုံးနည်းပါ တင်ပေးပါ့မယ်။ နောက်ပိုင်းတော့ hjsplit နဲ့ နှစ်ပါးသွားဖို့ရှိပါတယ်။ အားလုံးကို နားလည်အောင် အသေးစိတ်ရှင်းပြပေးပါ့မယ်။ မခက်ပါဘူး။
Download hjsplit
Filecloud | Mediafire | Minus 
Read More

Live Show ငေါဝ်းသ,ချင်, ရွစ်ပြိုင်;ပွယ်

KHAM TAN (IT-PAOH) 5:43:00 PM |


ဝါ;သနာ;စေ;တနာ; အွဉ်;အထျတဲင် ခွေသွဉ်း ခွန်ချဉ်;တန် အီပွိုင်ဆင်လွေဖေ; ”ထူ;ဂုဏ်;ရို;သေ; နီမွိုးဗွေ” Live Show ငေါဝ်းသ,ချင်, ရွစ်ပြိုင်;ပွယ်, ဝေင်.ဘန်ကောက် ကိုသွူသြ။ ပွိုင်းဝွို့တွမ်;နီသွဉ်းသီး ပအိုဝ်;မူခိုဖုံ; လွူးနမ်းတွက်တာ; ဖထန်;လွေဗာ; ပအိုဝ်းခမ်း ယံဖေ;ကသေနန်းယူ;လာ.ချာ မွိုးဖါဂုဏ်ကေ.ဇူ.တဲင် နေတွမ်;ဂီတ အနုပညာတဗာ; ဖော်;ထန်;ဒင်;ပျ.ရို;သေ;လွေ.ဗာ; မွိုးဗွေ;သွူသြ။
ပွယ်.ယံကတရေ. အဆိုတော်ခမ်းတွို့

၁။ ခွန်စောင်းဝဲင်း(ထာ.တယွို့+အဆိုတော်)
၂။ ခွန်အောင်နိုင်(အရွယ်တွိုင်ကျိုက်အဆိုတော်)
၃ ။နင်.ရက်ပဲင်. ခေတ်တသာပအိုဝ်းမူ ရော့ခ်အဆိုတော်) သီးသွံဖြာ. အီ;ကျွလွဉ်ဖေ;အာ;ဒျာ; အကျောင်. လောဝ်းပွိာုန်လွေ.ဗာ; ပအိုဝ်း ခွန် နင် ထဲုင်ခမ်းသားသွူသြ။

နောဝ်.ထွူတကာ;တောဝ်း အဆိုတော်ထဲုင်ခမ်းဖုံးလဲ့ အီ;လွဉ်ကူ;ညီ;ရွစ်ပြိုင်လွေ.ဖေ; ငေါဝ်းသချင်.တဲင် ယံကျွလွဉ် ဖေ;အာ;ဒျာ;၀င်. အကျောင်. ရို;ရို;သေ;သေ; လောဝ်းပွိာုန်ဖစ်ပင်လွေ.ဗာ; ပအိုဝ်;မူ;ခို ထဲုင်ခမ်းစွုမ်;ဖြာ.သွူသြ။
ရေမိုးချက်

၁။ ကတိုတက်လဲဉ်းဒျာ; နီပအိုဝ်;ဂီတအနုပညာ; ယံကတိုတက်ထဲင်းထဲင်း
၂။ ပအိုဝ်;မူခို ကလွေအောဝ်;ညာဗာ; ၀င်,ရပ်ရာ; ယံကသေနာ; ယူ;လချာ မွိုးဖါ ဂုဏ်;ကေဇူ.
၃။ နေတွမ်;ဂီတအနုပညာ; အာ;ရဲင်တဲင်ပွယ်ထွား ပရိတ်သတ်ဖုံ;ယံကထီ;သေ လလွဉ်အီဗာ; ပညာ;ရေ.၊ လူမူရေ၊ စီပွာရေ၊ ဥပဒေရေ၊ အုံအောာဝ်မူဗပာုသုတ အစစဖုံ; ဒဲဉ်သီလာဗွေ ၂၀၁၂ ငေါဝ်းသချင်ခွေတဲ့ အီ;စာလွေဖေ;ပွယ်ကိုသွူသြ။
ပွယ်မွူးနီ ————> ၁၁ ၊ ၈ ၊ ၂၀၁၂
တယ်စမွူးယာခို —–> ၁၂-၀၀ နားရီ; ဗလွေမွူးပာာ ၂၂-၀၀နားရီ:
ပွယ်ခင်လမ်း ——–> IEC တွိုက် အရန်း(၅) ဒဲဉ်သီလာဗွေ ၂၀၁၂ ခင်လမ်းလီ တဖူ၇မ်ခမ်ပဲာင် ဘန်ကပိ ဝေင်,ဘန်ကောက်

မိဉ်;မဲဉ်သေထဲင်းယင်း –> (+၆၆) ၀၈၁၆၅ ၄၈၇၉၇ – ခွန်လေး
Read More

Account တစ်ခု မဖြစ်မနေ လုပ်ထားသင့်တဲ့ဆိုက်ပါ

KHAM TAN (IT-PAOH) 3:26:00 PM | , ,


"ကျွန်တော့်သူငယ်ချင်း ကိုဇောင်း ပြောပြလိုက်တာပါ. ကိုညီနေမင်းက ဖိုင်အများကြီး တင်တဲ့သူဆိုတော့ အဆင်ပြေပါလိမ့်မယ်တဲ့"  ကျွန်တော် တစ်ခု အကြံရမိပါတယ်. အဲ့အကြံဥာဏ်လေးကို အားလုံးကနေ လက်ခံမယ်၊ ကူညီချင်တယ်ဆိုရင်တော့ဖြင့် အတိုင်းထက် အလွန်ဝမ်းသာမိမှာပါ. အခုပြောတဲ့ဆိုက်လေးက ဖိုင်တင်ရတာ လွယ်ကူတဲ့အပြင် သူငယ်ချင်းတွေ များလာရင်လည်း ဖိုင်သိမ်းဖို့ space များလာပါလိမ့်မယ်. အဲ့ဒီ့တော့ မိမိရဲ့ဖိုင်တွေကို သိမ်းထားချင်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် တစ်ခြားသူငယ်ချင်းတွေကို file share ပေးချင် လို့ပဲဖြစ်ဖြစ် အကောင့်တစ်ခုတော့ မဖြစ်မနေ လုပ်ထားသင့်ပါတယ်. တစ်ကယ်လို့ ကျွန်တော့်ဆိုက်ထဲက တစ်ချို့ သေနေတဲ့၊ ကျွန်တော် မသိသေးတဲ့ link (Download လုပ်မရသော link ရှိပါက) အခုဖော်ပြတဲ့ ဆိုက်ကနေ အကောင့်လုပ်ပြီးတော့ Download link ကို ပေးပို့ ပေးနိုင်ပါတယ်. အဲ့ဒီ့ တင်ထားပေးတဲ့ link အတိုင်း ဆိုက်မှာ update အနေနဲ့ အစားထိုးပေးသွားမှာပါ. ပြီးတော့ software အသစ်တွေရှိလို့ ကျွန်တော့်ဆိုက်မှာ တင်ချင်တယ်၊ ပို့စ်အဖြစ် ရေးချင်တယ်ဆိုရင်လည်း မေးလ်ပို့နိုင်ပါတယ်. ကျွန်တော့်ဆိုက်မှာ ၀င်ရေးလို့ရအောင် ကျွန်တော် စီစဉ်ပေးပါ့မယ်. ရေးသားသူနေရာမှာ ပို့စ်တင်တဲ့သူရဲ့ နာမည်ပဲ ပေါ်မှာဖြစ်ပါတယ်. ရေးသားသူ ညီနေမင်းလို့ မပေါ်ပါဘူး. မိမိကိုယ်ပိုင်နာမည် ဒါမှမဟုတ် နာမည်ဝှက်တစ်ခု ပေးလဲပဲရပါတယ်. ဆိုက်ထဲမှာ ရေးသားမည့်သူသည် သူများဆိုက်ထဲမှ ကူးယူထားသည့် link များ မဖြစ်ရပါ. ကိုယ်ကိုယ်တိုင် ရေးသားထားသည့် စာများနှင့် ပုံများဖြစ်ရပါမည်။ လိုအပ်ပါက ပြန်လည်ပြင်ဆင်ပေးသွားမည်ဖြစ်ပါသည်။ ပို့စ်အရေအတွက် များများနှင့် အကောင်းဆုံးတင်နိုင်သူအား. ၀ဘ်ဆိုက်တစ်ခု လက်ဆောင်အဖြစ် အခမဲ့ ဖန်တီးပေးသွားမည်ဖြစ်ပါသည်။

ဆိုက်ရဲ့အားသာချက်
  • Linux, Mac, Window ကြိုက်တဲ့ O/S ကနေ ဖိုင်တင်ခြင်း Download လုပ်နိုင်ခြင်း။
  • ကျွန်တော်တို့ အသုံးများတဲ့ browser များဖြစ်တဲ့ Firefox နှင့် Google Chrome ဖြင့် ကောင်းမွန်လျှင်မြန်စွာ အလုပ်လုပ် ပေးနိုင်ခြင်း။
  • မိမိကြိုက်နှစ်သက်ရာ MP3, MP4 နှင့် အခြား movie format များကို တင်နိုင်ခြင်း
  • လူအများမျှော်လင့်နေကြတဲ့ ဖုန်း software များဖြစ်ကြသော apk, .js, .sis နှင့် အခြားသော format များကို တင်နိုင်ခြင်း။
  • ၀ဘ်ဆိုက်တွင် ဆိုက်တော်တော်များများက လက်မခံသည့် .js ခေါ် javascript ဖိုင်များကိုပါ လက်ခံပြီး တင်ထားနိုင်ခြင်း အစရှိသည့် အားသာချက်ပေါင်းများစွာ ပါဝင်တာကြောင့်မို့ လူတိုင်း အကောင့်အသစ်တစ်ခု လောက်တော့ဖြင့် ပြုလုပ်ထားသင့်ကြောင့် အကြံပြုထားလိုပါတယ်. လတ်တလောကတော့ စိတ်ချရမယ်ဆိုလို့ အဲ့ဆိုက်တစ်ခုတည်းကိုပဲ လက်ရွေးစင်အဖြစ် ရွေးလိုက်ပါတယ်. နောက်ပိုင်း အဲ့ဆိုက်ကနေပဲ download လုပ်ရမှာဖြစ်ပါတယ်. အားလုံးအဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်.

ဖိုင်တင်နည်းနှင့်account ပြုလုပ်ခြင်း
  • ပထမဦးဆုံး ဒီကို နှိပ်ပြီး website ကို အရင်သွားလိုက်ပါ။
  • ပြီးတာနှင့်  အပေါ်မှာ ပြထားတဲ့အတိုင်း ဆိုက်ကို ရောက်သွားတာနဲ့ sign up ကို နှိပ်ပြီး account အသစ်လုပ်ထားလိုက်ပြီးတော့ ဖိုင်တွေကို သိမ်းဆည်းလို့ရပါပြီ. ဖိုင်တွေကို အချိန်ကြာမြင့်စွာ သိမ်းဆည်းထားနိုင်ပါတယ်. သူငယ်ချင်းတွေကို ဖိတ်ခေါ်နိုင်ရင် ပိုပြီးတော့ အဆင်ပြေပါတယ်. ကျွန်တော် နောက်ပိုင်း အခုဆိုက်ကနေပဲ တင်ပေးသွားမှာ ဖြစ်ပါတယ်. အောက်မှာ ကျွန်တော် တင်ပြထားပါတယ်. လုပ်ဖြစ်အောင် လုပ်ထားလိုက်ပါ. 
  • ဖိုင်ကို တင်ပေးပြီး သူငယ်ချင်းတွေကို share ပေးချင်ရင် direct download link ကိုပါ ပေးလို့ရပါတယ်. 


စေတနာများစွာဖြင့်
Read More

မကြည့်စေချင်တဲ့ဆိုက်တွေ ပိတ်ဖို့ Anti-Porn 17.6.3.6

KHAM TAN (IT-PAOH) 3:18:00 PM | , ,


နတ်ဆိုး . မိမိ မကြည့်စေချင်တဲ့ ဆိုက်တွေကို ဘယ်လို ပိတ်ထားရမလဲ ကိုညီ ကူညီပါဦးဗျာ. ကျွန်တော့်မှာ အမတွေရှိတော့ အဆင်မပြေလို့ပါ.

တင်ပေးလိုက်ပါပြီ ညီလေး အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်. Minus ကနေဆိုရင်တော့ နှိပ်လိုက်တာနဲ့ တန်းပြီး Download link ကျလာမှာ ဖြစ်ပါတယ်. ifile ကနေ ဆိုရင်တော့ စောင့်ရမှာဖြစ်ပါတယ်. ကြိုက်ရာကို ရွေးပြီး Download လုပ်ထားသင့်ပါတယ်. ကျွန်တော် ဖိုင်တွေကို ယခုထက်ပိုပြီးတော့ သိမ်းဆည်းထားစေချင်လျှင်၊ ဒါမှမဟုတ် ကျွန်တော် ဖိုင်တွေ သိမ်းဆည်းဖို့ အခု 1GB ပဲ ရသေးပါတယ်. ကျွန်တော် invite လုပ်ထားတဲ့သူ ဒါမှမဟုတ် ကျွန်တော့်ရဲ့ invite link ကို နှိပ်ပြီး account လုပ်တဲ့သူ များလာမှသာလျှင် ကျွန်တော် သိမ်းဆည်းနိုင်မည့် space များပြားလာမှာ ဖြစ်ပါတယ်. အဲ့အတွက်ကြောင့်မို့ အားလုံးပဲ ဖိုင်တွေကို Download link တွေ ကြာရှည်ခံနိုင်အောင် http://min.us/rhFSgdv ကို နှိပ်ပြီး account လုပ်ထားပေးပါ. ဒါမှမဟုတ်ရင် ဆိုက်ရဲ့ညာဖက်ခြမ်းက minus ပုံကို နှိပ်ပြီးတော့ account တစ်ယောက်ကို တစ်ခုစီပဲ လုပ်ထားရင်တောင် ကျွန်တော် ဖိုင်တွေ သိမ်းဆည်းနိုင်ဖို့ space တွေ များလာမှာပါ. ဒီဆိုက်ဟာ Direct download link ကို ပါ ရတဲ့အတွက်ကြောင့်မို့ အားလုံးအတွက် အဆင်ပြေအောင် account လုပ်ခိုင်းတာပါ. ကျွန်တော့် အတွက်တင်လည်း မဟုတ်ပါဘူး. အကောင့်လုပ်ထားတဲ့ သူတွေ မည်သူမဆို အခုလိုမျိုး invite လုပ်လိုက်တာနဲ့ တဖြည်းဖြည်းချင်း သိမ်းဆည်းနိုင်တဲ့ space တွေ များလာမှာပါ. ပြီးတော့ ကျွန်တော် ပြောသလိုပါပဲ. ဖိုင်တွေတင် သိမ်းဆည်းနိုင်တာမဟုတ်ပါဘူး. format တော်တော်များများကို သိမ်းဆည်းနိုင်ပါတယ်. format ဆိုတာကတော့ .mp4, .rar, .001, .exe အစရှိသည်ဖြင့် "." ရဲ့ နောက်မှာ ဆုံးတဲ့ အမည်တွေကို format လို့ ခေါ်ဆိုတာပါ. format တွေဟာ တစ်ခုနဲ့တစ်ခု မတူကြပါဘူး. ဘယ် program တွေကိုပဲ သုံးသုံး သူ့ရဲ့ ကိုယ်ပိုင် format နဲ့ ဖိုင်တစ်ခုတော့ ရလာမှာပါ. ဥပမာ adobe pagemaker နဲ့သိမ်းရင် .pmd format နဲ့ ရလာသလိုမျိုးပေါ့. အားလုံးပဲ အဆင်ပြေနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် . ifile နှင့် mediafire ကတော့ ဒီပုံစံအတိုင်းဆို ကြာရှည်ခံဖို့ သိပ်မလွယ်တော့လို့ အခုလို စီစဉ်လိုက်တာပါ. တောင်းဆိုထားတာ အရမ်းများပါတယ်. တစ်ချို့ program တွေဆိုရင် 2GB လောက်တောင် ရှိပါတယ်. guitar pro ကို program နဲ့ keygen သာ တင်ပေးလိုက်တာ. သူနဲ့ တွဲသုံးရမယ့် ဖိုင် မတင်ပေးနိုင်ပါဘူး. ဘာလို့လဲဆိုတော့ 1GB ကျော်နေလို့ပါ. အခု ဒီ minus ဆိုက်မှာလဲ 1GB ပဲ ရတဲ့အတွက် တင်ပေးတဲ့ဖိုင် 1GB ပြည့်တာနဲ့ အကောင့်အသစ်လုပ်ရင် လုပ်မလုပ်ရင် ထပ်တင်ဖို့ မလွယ်တော့ပါဘူး. .

Read More

Desktop Camstudio Software

KHAM TAN (IT-PAOH) 3:53:00 PM | , ,


ကျွန်တော် အရင်းက ကိုယ့် Computer ကို Screen ပြန်ရိုက်တဲ့ Software ကို တစ်ခါတင်ပြပေးဖူးပါတယ်။ အရင်းတင်ပြခဲ့တဲ့ Software က အခု Software လောက် အဆင်မပြေခဲ့ပါဘူး။ ဒီ Software ကတော့ အတော် အဆင်ပြေတယ်လို့ ဆိုရမယ်။ ဒါကြောင့် ကျွန်တော် ဒါလေးကို တင်ပေးလိုက်တာပါ။အရမ်းအသေးစိတ်တော့ မရေးပေးတော့ပါဘူး။
1. အရင် CamStudio Software ကို Drownload ချပြီ Run လိုက်ပါ။

Megaupload
Mediafie


2. Software ကို Run ပြီတာနဲ့ Desktop ပေါ်က CamStudio Short Cut ကို click လိုက်ရင်အောက်ပါ အတိုင်းတွေ့ရမှာဖြစ်ပါတယ်။ အောက်မှာ ပြထားတဲ့ အတိုင်း Region ကနေ မိမိက Screen ကို ဘယ်လိုရိုက်မှာလဲ ဆိုတာကို ရွေးချယ်ရမှာဖြစ်ပါတယ်။ ကျွန်တော်ကတော့ Full Screen ကိုဘဲ ရွေးချယ်လိုက်ပါတယ်။



3. ပြီရင်အောက်မှာ ၀ိုင်းပြထားတဲ့ အနီရောက်ကို click လိုက်ပါ။ ဒါဆိုရင် စတင် Desktop ကို Scan လုပ်နေပါပြီ။ ပြန်ပိတ်မယ်ဆိုရင်လဲ လေးထောင့်ကွက်အပြာရောင်လေးကို ပိတ်လိုက်ရုံပါဘဲ။ ကျွန်တော် ဒီလောက်ဘဲရှင်းပြပါမည်.ကျန်တာတော့ ကိုယ့်ဘာသာလေ့လာလိုက်ပါ။ ကျေးဇူးတင်ပါသည်။(Save တာတော့ မရေးတော့ဘူးနော် )
   

မိုးထက်မြင့်(နည်းပညာ) မှဆင့်

Read More

K-Star ရဲ့ “နီးချင်ပြီ”

KHAM TAN (IT-PAOH) 3:40:00 PM | ,


K-Star အဖွဲ့ရဲ့ နီးချင်ပြီ အမည်ရတဲ့ ဗမာသီချင်းခွေ တစ်ခွေဖြစ်ပါတယ်။ ဘန်ကောက်ရောက် ပအိုဝ်းလူငယ်များ ပါဝင်သီဆိုထားတယ်လို့ သိရပါတယ်။ ပါဝင်သီဆိုကြတဲ့ အဆိုတော်တွေကတော့ (K-မင်းသစ်၊ K-စိုးလေး၊ K-၀င်းနိုင်ထွန်း၊ K-သားငယ်နဲ့ နန်းမိုးမိုးစံ)တို့မှ ပါဝင်သီဆိုထားပြီးတော့ ရတနာမြိုင် တေးသံသွင်းကနေ တစ်ဆင့်ထုတ်ဝေ ဖြန့်ချီလိုက်ပြီလို့လည်း သိရပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ပအိုဝ်းလူမျိုး လူငယ်တွေ ပါဝင်သီဆိုထားတဲ့အတွက် အားလုံး ၀ိုင်းဝန်း အားပေးစေချင်ပါတယ်။ အဲဒီအတွက် ၀ယ်ယူအားပေးဖို့ ပြည်တွင်းမှာရော၊ ပြည်ပရောက် ပအိုဝ်းညီအစ်ကိုများကို တိုက်တွန်းရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့တတွေ သူတို့တွေရဲ့ ပရိတ်သတ်အနေနဲ့ အဲဒီလို ၀ယ်ယူအားပေးနေမှ အောင်မြင်နေတဲ့သူတွေလို့ ပြောလို့ရတဲ့ ကျွန်တော်တို့ ပအိုဝ်းလူမျိုး အနုပညာရှင်တွေရဲ့ လုပ်ငန်းတွေ ဆက်လက်ပြီး အောင်မြင်အောင် လုပ်ဆောင်နိုင်မယ်လို့ ထင်ပါတယ်။
စင်္ကာပူနိုင်ငံရောက် ပအိုဝ်းလူငယ်တစ်ယောက်ရဲ့ ပြောပြချက်အရ.. စင်္ကာပူကို အခွေ(၃၀)ပို့တာ တစ်ရက်တည်းနဲ့ ကုန်လုနီးပါး အရောင်းသွက်ခဲ့တယ်လို့ သိရပါတယ်။ စင်္ကာပူရောက် ပအိုဝ်းညီအစ်ကိုများ အနေနဲ့ ၀ယ်ယူအားပေးရန်အတွက် (ခွန်တမောင်; – +65 9614 6074)သို့ ဆက်သွယ်မေးမြန်း ၀ယ်ယူနိုင်ပါကြောင်းလည်း သိရပါတယ်။
ထိုင်းနိုင်ငံမှာလည်း ၀ယ်ယူရရှိနိုင်တယ်လို့လည်း ဆိုပါတယ်။ ၀ယ်ယူရန်အတွက် ဖော်ပြပါဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါကြောင်း ညီလေးတစ်ယောက်ထံမှ ကြားသိရပါတယ်။ ဆက်သွယ်ဝယ်ယူရန် +66816586333 ဆက်သွယ်ပါ… ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့။
ကဲဗျာ ပြည်တွင်းက ညီအစ်ကိုများ အပြေးအလွှားသာ အားပေးကြပေတော့ဗျာ။ ကျွန်တော်တို့ Pa-Oh MP3 မှာတော့ အခွေတွေရောင်းပြီးလို့ အချိန်အတော် ကြာကြာမှာမှ တင်ပေးဖို့ စီစဉ်ထားပါတယ်။ အခုတင်လိုက်ရင် အခွေမူပိုင်ရှင်များကို မငဲ့ညှာရာရာက်မှာဖြစ်တဲ့ အတွက်ကြောင့်ပါဗျာ။ ဒီသီချင်းခွေကို တောင်းဆိုနေကြတဲ့ သူငယ်ချင်းတွေအတွက် ၀ယ်ယူအားပေးကြပါလို့ တိုက်တွန်းပါတယ်ဗျာ။ သို့မဟုတ် အချိန်ကာလ အတိုင်းအတာ တစ်ခုအထိ စောင့်မျှော်နိုင်ပါတယ်ဗျာ။ အမြည်းအစမ်းအနေနဲ့တော့ တစ်ပုဒ် နှစ်ပုဒ်တင်ပေးလိုက်ပါပြီ။
VCD Version အမြည်းကိုတော့ (YouTubeChannel) မှာတင်ထားပေးပါတယ်။

(၁) နီးချင်ပြီ – K-မင်းသစ်
(၂) ဝေးရတော့မယ် – နန်းမိုးမိုးစံ

from: PA-OH MP3
Read More

ပအိုဝ်းအမျိုးသားနေ့ ဆိုသည့် ဝေါဟာရ ပေါ်ပေါက်လာပုံ

KHAM TAN (IT-PAOH) 2:32:00 PM |

မြန်မာနိုင်ငံတွင် ဌာနေတိုင်းရင်းသားများအနက် ပအိုဝ်းတိုင်းရင်းသားသည် နှစ်စဉ်တပေါင်းလပြည့်နေ့တွင် ပအိုဝ်းအမျိုးသားနေ့အဖြစ် ကျင်းပကြသည်။ တပေါင်းလပြည့်နေ့ကို ပအိုဝ်းအမျိုးသားနေ့ အဖြစ် သတ်မှတ်ခြင်းနှင့် ပအိုဝ်းအမျိုးသားနေ့ ဆိုသည့်ဝေါဟာရက ဘယ်လိုစတင်ပေါ်ပေါက်လာသည် ကို မေးခွန်းထုတ်စရာဖြစ် လာပါသည်။

 မဟာသက္ကရာဇ် (၂)ခု (ခရစ်သက္ကရာဇ်မပေါ်မီ ဘီစီ ၆၉၀)တွင် သုဝဏ္ဏဘုမ္မိသထုံပြည့်ရှင် သက္ကရာဇာမင်းနှင့် မိဖုရား ဘဒ္ဒကလျာဒေ၀ီတို့မှ သားတော်တပါးဖွာမြင်ခဲ့သည်။ ထိုသားတော်သည် တပေါင်းလပြည့်နေ့တွင် နေတွက်လ၀င်အချိန်၌ ဖွားမြင်သောကြောင့် သူရိယစန္ဒာ ဟု အမည်ပေးခဲ့သည်။ သူရိယစန္ဒာသည် သက်တော် ၂၄ နှစ်တွင် ဖခမည်းတော် ထီးနန်းအပ်ပြီး နန်းစံချိန် ၁၀ နှစ်တွင် ဖခမည်းတော် သက္ကရာဇာမင်းက နတ်ရွာစံလေသည်။ ဗုဒ္ဓဂေါတမ မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၁၁ ခု သီတင်းကျွတ်လတွင် သူရိယစန္ဒာမင်းအုပ်စိုးသည့် သုဝဏ္ဏဘုမ္မိသထုံပြည်သို့ ပထမအကြိမ် ကြွရောက်လာခဲ့သည်။ ထိုနှစ်အတွင်း သူရိယစန္ဒာမင်း၏ မွေးနေ့ဖြစ်သော တပေါင်းလပြည့် ၌ ရွှေဆံရီစေတီတော်ကို စတင်အုတ်မြစ်ချ တည်ဆောက်ခဲ့သည်။ ထိုနှစ်မှစ၍ ပအိုဝ်းလူမျိုးတို့သည် ဗုဒ္ဓဓမ္မ တရားရေစက်ကို စတင်ကြားနာရရှိပြီး ဗုဒ္စဘာသာကို စတင်ကြည်ညိုကြသည်။ သူရိယစန္ဒာမင်း လက်ထက်တွင် ဗုဒ္ဓဂေါတမမြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၂၀ တွင် ဒုတိယအကြိမ် အဖြစ်လည်းကောင်း၊ မဟာသက္ကရာဇ် ၁၂၈ တွင် တတိယအကြိမ်အဖြစ်လည်းကောင်း သထုံပြည်သို့ ကြွလာခဲ့သည်။

 သူရိယစန္ဒာမင်းလက်ထက်မှ စ၍ ပအိုဝ်းလူမျိုးတို့သည် နှစ်စဉ်တပေါင်းလပြည့်နေ့တွင် ရွှေဆံရံစေတီ ရှိရာသို့ သွားရောက်ပြီး ကောက်သစ်ပူဇော်ခြင်း၊ ဆွမ်းကပ်ခြင်း၊ ငါးပါးသီလခံယူခြင်း စသည့်ပွဲတော်များကို နှစ်စဉ်ပြုလုပ်ကြသည်။ ထိုသို့ပြုလုပ်ရာမှ ၁၉၄၇ ခု မတ်လတွင် ဖဆပလ၏ မြေယာခွဲဝေရေး ပေါ်လာစီကို စမ်းသပ်သည့်အနေဖြင့် သထုံဒေသရှိ လယ်ယာမြေအမြောက်အများကို သိမ်းယူခဲ့သည်။ ထိုကြောင့် သထုံဒေသရှိ ပအိုဝ်းလယ်သမား ၁၀၀၀၀ (တစ်သောင်း)ကျော်က သထုံမြို့ရှိ ဖဆပလ ကော်မရှာနာရုံးသို့ ချီတက်ဆန္ဒပြခဲ့ကြသည်။ ထိုဆန္ဒပြပွဲသည် အောက်ပါ အဆို (၃)ရပ်ကို တောင်းဆိုခဲ့သည်။
  1. ပအိုဝ်းလူမျိုးကို တောင်သူဟု ခေါ်ဆိုရေးသားခြင်း မပြုဘဲ ပအိုဝ်းဟုသာ ခေါ်ဆိုရေးသားရန်။
  2. မြေယာခွဲဝေရေး ပေါ်လာစီကို ပြန်လည်ရုပ်သိမ်းပေးရန်။ 
  3. ဗမာ့တပ်မတော်တွင် ပအိုဝ်းတပ်ရင်း (၂)ရင်း ထူထောင်ပေးရန် စသည်တို့ ဖြစ်သည်။ 
ထိုအဆို(၃)ရပ်ကို ပအိုဝ်းလူမျိုးကို နောက်နောင်တွင် တောင်သူဟု ရေးသားခေါ်ဆိုမှု မပြုရန် စသည့် ပထမအချက်ကိုသာ ဖဆပလ က လိုက်လျော်ပေးခဲ့သည်။ ထိုအချိန်မှ စ၍ သူရိယစန္ဒာမင်း၏ ဂုဏ်ကျေးဇူးကို အောင့်မေ့သည့်အနေဖြင့် ၎င်း၏ မွေးနေ့ဖြစ်သော တပေါင်းလပြည့်နေ့ တွင် မြန်မာပြည်အောက်ပိုင်းရှိ ပအိုဝ်းလူမျိုးများက ရွှေဆံရံစေတီရှိရာသို့ ချီတက်ပြီး ကောက်သစ်ပူဇော်ပွဲမှ ပအိုဝ်းအမျိုးသားနေ့အဖြစ်သို့ ပြောင်းလဲဆင်နွဲခဲ့ကြသည်။ ထိုအချိန်တွင် ရှမ်းပြည်နယ်ရှိ ပအိုဝ်းလူမျိုးများက ပဒေသရာဇ်စနစ်၏ အုပ်ချုပ်မှုအောက် ၀ပ်ဝပ်ပြားခံနေရကြောင့် ပအိုဝ်းအမျိုးသားနေ့ကို ကျင်းပမှု မပြုလုပ်ဝံကြပေ။

၁၉၅၉ တွင် ရှမ်းပြည်နယ်ရှိ ပဒေသရာဇ်စနစ် ကျင့်သုံးသည့် စော်ဘွားများက မိမိတို့အုပ်ချုပ်ရေးအာဏာကို ရှမ်းပြည်နယ်အစိုးရသို့ အပ်နှင်းခဲ့သည်။ သို့သော်လည်း ၁၉၆၀ တွင် ရှမ်းပြည်နယ်အတွင်းရှိ လူမျိုးစုအသီးသီးက လက်နက်စွဲကိုင်သည့်လမ်းစဉ်ကို ကျင့်သုံးပြီး တော်လှန်ရေးဆင်နွဲခဲ့သည်။ ထိုနောက် ပအိုဝ်းအမျိုးသားခေါင်းဆောင်များ ဖြစ်ကြသော သထုံဦးလှဖေ၊ ဗိုလ်ချုပ်ချန်ဇုံ၊ ဦးကျော်စိန်တို့က အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေ၀င်း၏ ဖမ်းဆီးထောင်ချခြင်းကို ခံခဲ့ရသည်။ ၁၉၆၆ တွင် ဗိုလ်ချုပ်စံသိန်းဦးဆောင်သော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (ပအလဖ)ကို ဒုတိယအကြိမ် ပြန်လည်ဖွဲ့စည်းပြီး တစ်နှစ်အကြာတွင် ပအလဖ အမည်ကို ရှမ်းပြည်နယ် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) အမည်သို့ ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ရလလဖသည် လူတန်းစားကို အခြေခံသည့် အဖွဲ့ဖြစ်၍ ၎င်းတို့အုပ်ချုပ်မှုအောက်တွင် ပအိုဝ်းအမျိုးသားနေ့ ကျင်းပနိုင်ရေးအတွက် အကောင်အထည်ဖော်ရန် အခွင့်မသာခဲ့ပေ။

 ပအိုဝ်းအမျိုးသားစိတ်ဓါတ်ပြင်းထန်သည့် ရလလဖ ခေါင်းဆောင်တချို့က ရလလဖမှ ခွဲထွက်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပီအဲန်အို) ကို ဖွဲ့စည်းခဲ့သည်။ ၁၉၇၆ တွင် ပီအဲန်အို၏ ပြုလုပ်သော ပထမအကြိမ်ညီလာခံတွင် တပေါင်းလပြည့်နေ့ကို ပအိုဝ်းအမျိုးသားနေ့အဖြစ် ဆုံးဖြတ်သတ်မှတ်ခဲ့သည်။ ထိုအချိန်မှစ၍ မြန်မာပြည်အနှံအပြားရှိ ပအိုဝ်းဒေသများတွင် နှစ်စဉ်တပေါင်းလပြည့်နေ့ကို ပအိုဝ်းအမျိုးသားနေ့အဖြစ် ကျင်းပလာကြသည်။ ထိုအပြင် တက္ကသိုလ်များရန်ကုန်နယ်မြေနှင့် မန္တလေးတက္ကသိုလ်နယ်မြေများပေါ်တွင် ပအိုဝ်းကျောင်းသားများက ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို ကျင်းပလာကြသည်။

၂၀၀၇ အတွင်း တောင်ကြီးမြို့တွင် ကျင်းပသည့် ပအိုဝ်းအမျိုးသားနေ့၏ နောက်ဆုံးရက်(၂၈၊ ၀၃၊ ၂၀၀၇) တွင် နိုင်ငံခြားအဲန်ဂျီအိုများ၊ ဒေသခံအာဏာပိုင်များ လာရောက်အားပေးမည်ဖြစ်၍ ပအိုဝ်းအမျိုးသားနေ့ စတိတ်စဉ်၏ နောက်ခံဆိုင်းဘုတ်ပေါ်တွင် ရေးသားထားသော Pa-Oh National Day ဆိုသည့်စလုံးကို ခွာထုတ်ခံခဲ့ရသည်။ ထိုနှစ်မှ စပြီး နှစ်စဉ်ကျရောက်သည့် တပေါင်းလပြည့်နေ့တွင် ပအိုဝ်းအမျိုးသားနေ့ စာလုံးအစား ပအိုဝ်းအမျိုးသားပွဲတော်အဖြစ် ရေးသားသည်ကို တွေ့ရသည်။ အသစ်တက်လာသည့် ဦးသိန်းစိန်အစိုးရလက်ထက်တွင် မွန်အမျိုးသားနေ့ကို ပြန်လည်ကျင်းပခွင့်ပေးသည့်နည်းတူ လာမည့်တပေါင်းလပြည့်နေ့ ပအိုဝ်းအမျိုးသားနေ့တွင် Pa-Oh National Day နှင့် ပအိုဝ်းအမျိုးသားနေ့ ဆိုသည့် စာလုံးကို စတိတ်စဉ်၏ နောက်ခံဆိုင်းဘုတ်ပေါ်တွင် ပြန်လည် ရေးသားခွင့် ရလိမ့်မည်ဟု မျှော်လင့်ပါသည်။

 ခွန်ချန်ကီ (မဲုင်းကောင်) 

ကျမ်းကိုး
  • ပြည်ထောင်စုထဲကပအိုဝ်း 
  • သထုံရွှေဆံရံဘုရားကြီးသမိုင်း ပထမတွဲ 
  •  သုဝဏ္ဏပကာသနီကျမ်း (ပအိုဝ်းဘာသာ) 
  • ၂၀၀၅ တွင် အသက်(၈၀)ကျော်ရှိ ကော့ကျိုက်ဇာတိ မွိုးဖြားဗွာ (ခ)ဒေါ်ဖြူ၏ ၎င်း၏ အပျိုပေါက်စဘ၀တွင် သထုံ၌ ပအိုဝ်းအမျိုးသားနေ့ သွားအားပေးသည့်ပုံ ပြန်ပြောပြချက်များ။ 
  •  PA-OH PEOPLE by Mika Rolly
Read More

မြန်မာနိုင်ငံကွန်ပျုတာ သမိုင်း

KHAM TAN (IT-PAOH) 12:41:00 PM | ,

မြန်မာနိုင်ငံတွင် ကွန်ပျူတာ တက္ကသိုလ် မဆိုထားဘိ ကွန်ပျူတာဌာနပင် မရှိသေးမီက (၁၉၇၃ ခုနှစ် မတိုင်မီက) တက္ကသိုလ်တခု၏ သင်္ချာဌာနလက်အောက်တွင် တွက်ချက်ရေး ယူနစ်အဖြစ် စတင် ဖွဲ့စည်းခဲ့သည်ဟု အဆိုရှိသည်။ လူဦးရေ သန်းခေါင်စာရင်း ကောက်ယူမှတ်တမ်းပြုစုသော ကိစ္စရပ်များကို ကူညီဆောင်ရွက်ခဲ့ရကြောင်းလည်း သိရသည်။ စက္ကူ ကဒ်ပြားများကို စက်ဖြင့် အပေါက်ဖေါက်ပြီး သုံးရသော စနစ်ဖြစ်သည်။ နောက်ပိုင်းတွင် ပီစီမဟုတ်သေးသော ကွန်ပြူတာများ တစ်စတစ်စ ရောက်ရှိလာပြီး
ဝန်ကြီးဌာနအချို့တွင် သုံးစွဲလာသည်။

MCC အမည်ဖြင့် ကွန်ပြူတာပညာ ဆင့်ပွါးပေးသော အစုအဖွဲ့ရှိခဲ့ဖူးပြီး ကွန်ပြူတာသင်တန်းကျောင်း လုံးဝမရှိဟု ဆိုသည်။ ရှေးဦးစွာ ရောက်ရှိလာသော PC တို့တွင်လည်း CD ROM, Sound card, Mouse စသည်တို့ မပါဝင်သေးပဲ DOS Version ဖြင့်ပင် Run နိုင်သော စာစီစာရိုက်အတွက် (WordStar) စာရင်းဇယားဆွဲရန် (Foomtools) စသည့် ဆော့ဖ်ဝဲများ သုံးကြရသည် ဆိုပါသည်။

နောက်ပိုင်း (Wordperfect 5.1) ပေါ်ပေါက်လာပြီး (Dbase 4), (Lotus 1-2-3) စသည်တို့အပြင် (Harbor Graphic 3 ), (AutoCAD) စသည်တို့ကိုပါ သုံးစွဲလာနိုင်ကြောင်း သိရပါသည်။ WINDOWS OS ပေါ်လာသော အပြောင်းအလဲပြီးသည့်တိုင် မြန်မာပြည်တွင် ကွန်ပြူတာမြင်သိထိတွေ့ဖူးသူ အလွန်နည်းပါးပြီး WINDOW 95 ပေါ်ပေါက်လာပြီးမှ တစတစ ပြည်သူလူထုအတွင်း ကွန်ပြူတာ သုံးစွဲနိုင်သော အခြေအနေ ရောက်လာခဲ့ပါသည်။

သင်ကြားရေးတွင်မူ WINDOWS 3.1 ခေတ်ကပင် CSS, RS, MCC စသော သင်တန်း အဖွဲ့အစည်းများလည်း ပေါ်ထွန်းလာပြီး။ ACE, KMD စသည့် အဖွဲ့အစည်းများလည်း ဆက်လက် ပေါ်ပေါက်လာကြောင်း သိရပါသည်။

ကွန်ပြူတာဂျာနယ်သည်လည်း မြန်မာ့ကွန်ပြူတာသမိုင်းတွင် အရေးပါသော အခန်းမှ ပါဝင်နေကာ အကျိုးပြု ပံ့ပိုးကူညီနိုင်ခဲ့ပါသည်။

ဒင်းနစ်ဝင်းသိန်း၏ အစီအစဉ်ဖြင့် အချို့အခြေခံပညာကျောင်းများအတွက် LC630 Macintosh ကွန်ပြူတာများ အကြွေးရောင်းချပေးခဲ့ရာမှ မြို့ငယ်လေးများ၏ အထက်တန်းကျောင်းများပါ ကိုယ်ထူကိုယ်ထ စနစ်ဖြင့် Clone PC များ ၀ယ်ယူသိမ်းဆည်း ပြသသောအလေ့၊ Multimedia classroom များ ဖွဲ့စည်းတည်ဆောက်သော ဓလေ့များ ထွန်းကားခဲ့သည် ဆိုပါသည်။

ဆက်လက်ပြီး Network ကွန်ယက်ချိတ်ဆက်သော လုပ်ငန်းများ ဖွံ့ဖြိုးလာခဲ့သော်လည်း အင်တာနက်ကို တိုက်ရိုက် မသုံးနိုင်သေးပဲ အင်ထရာနက်သုံးကြရသည် ဆိုပါသည်။

Dial up စနစ် ကွန်ယက်ချိတ်ဆက်ပစ္စည်းတို့မှာ ခွင့်ပြုချက်မရလျှင် သုံးစွဲခွင့်မရှိသော ကန့်သတ်ပစ္စည်း ဖြစ်ခဲ့ရပြီး နောင်အခါ IP Star စလောင်းများဖြင့် Internet ချိတ်ဆက် အသုံးပြုမှုအထိ ကျယ်ပြန့် လာသည်ဆိုပါသည်။

ကွန်ပြူတာဝန်ဆောင်မှုအပိုင်းတွင် စာစီစာရိုက်လုပ်ငန်းမှာ စီးပွားဖြစ်အသွင် ဦးစွာပေါ်ပေါက်လာပြီး၊ ကွန်ပြူတာဖြင့် ဇာတာဖွဲ့ပေးခြင်းစသည်တို့လည်း ပိုမိုစောစီးစွာ ပေါ်ပေါက်ဖူးသည်ဆိုပါသည်။ စာစီရာမှ ဒီဇိုင်းလုပ်ငန်းများ ထိုမှတဆင့် စီဒီဗီဒီယိုအခွေကူးခြင်း/ MP3 ပြောင်းပေးခြင်း၊ ငှားရမ်းခြင်း ဓါတ်ပုံအ ခွေထုတ်ခြင်း ဗီဒီယိုတည်းဖြတ်ခြင်း ကာတွန်းရုပ်ရှင်ဖန်တီးခြင်း၊ ဂိမ်းဆိုင်များ ဖွင်ခြင်းတို့နှင့်အတူ ဆိုင်ဘာကဖေးဆိုင်များ ပေါ်ထွန်းလာသည်အ ထိ ကမ္ဘာနှင့်အညီ ရင်ဘောင်တန်းလိုက်လာနိုင်သလို IT ပညာရှင်များလည်း အထိုက်အလျောက် ပေါ်ပေါက်လာပြီး ကွန်ယက်များ ချိတ်ဆက်ထိန်းသိမ်းပေးခြင်း ဆော့ဖ်ဝဲရေးသားရောင်းချခြင်း။ Webpage ဒီဇိုင်းရေးဆွဲကြော်ညာပေးခြင်း စသည့်အတတ်များလည်း တတ်ကျွမ်းလာနေပြီ ဖြစ်ပါသည်။ ဟက်ကာများလည်း ရှိသည်ဟု ကြားသိနေရပါသည်။

ကွန်ပြူတာသမိုင်း...........

ကွန်ပျူတာဆိုတာ
“ကွန်ပျူတာ”ဆိုတာ ဘာလဲတဲ့ !!

ပြောရမယ်ဆိုရင် သေချာတာတော့ “ကွန်ပျူတာ”ဟာ electronic device (ပစ္စည်း) တခုဖြစ်ပါတယ်။ သူ့ရဲ့ စတင်ဖြစ်ပေါ်လာတဲ့ သမိုင်းကြောင်းကို လေ့လာမယ်ဆိုရင် ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း (၁၀၀)ကျော် လောက်တုန်းက ရှေးခေတ်လူသားတွေ သုံးခဲ့တ “ပေသီး” (သို့) ဂဏန်းပေါင်းစက် (Abacus) ခေတ်ကို ပြန်ရောက်သွားပါလိမ့်မယ်။ အဲဒီ (Abacus) “ပေသီး”ကနေ အ ခြေခံပြီး လူတွေဟာ ဂဏန်းပေါင်းစက် တီထွင်လာနိုင်သည်အထိ ဉာဏ်ရည်တွေ ဖွံ့ဖြိုးတိုးတက်လာခဲ့ပါတယ်။ အဲဒီ ဂဏန်းပေါင်းစက်မှတဆင့် မှတ်ဉာဏ် (Memory) ပိုမိုကောင်းမွန် တွက်ချက် (processing)နိုင်သော ကွန်ပျူတာတွေအထိ တီထွင်တိုးတက်လာခဲ့ပါတယ်။ ကွန်ပျူတာရယ်လို့ ဖြစ်ပေါ်လာပေမယ့်လည်း ကွန်ပျူတာဆိုတဲ့ ရှေးသမိုင်းကြောင်းတွေ ထပ်ရှိပါသေးတယ်။


ဒီအ ပင်ကိုဘယ်လိုစိုက်ခဲ့လဲ၊ မြေသြဇာဘယ်လိုသုံးရလဲ၊ မြေသြဇာအတွက် နွားချေးဘယ်နှစ်ပိဿာ ထည့်ရတယ်။ အဲဒီအပင်က စိုထိုင်းတဲ့နေရာမှာ ပေါက်တာလား ပြီးတော့ ခြောက်သွေ့တဲ့နေရာမှာ ပေါက်တာလား စသည်ဖြင့် ပုံစံတွေနဲ့ လေ့လာမယ်ဆိုရင် ဒါက စိုက်ပျိုးရေးသမား အလုပ်ဖြစ်သွားပါပြီ။

ပိုဆိုးတာက  နည်းပညာ (Technology) ဆိုတာကလည်း အချိန်နဲ့အမျှ ပြောင်းလဲတိုးတက် (update) အမြဲဖြစ်နေတဲ့အချိန်။ ဒီအချိန်မှာ ကိုယ်က သမိုင်းကြောင်းပဲ အသေးစိတ်ပြန်သွားပြီး လေ့လာမယ်ဆိုရင် အကျိုးထူးလာနိုင်ဖို့ နည်းလမ်းနည်းပါတယ်။

မြောင်းကြီးကြီးခုန်ဖို့နောက်ကိုခြေ(၂)လှမ်း၊ (၃)လှမ်းလောက်လှမ်းလိုက်ပါ။ ပြီးတော့မှ အရှိန်နဲ့ ပြေးခုန်လိုက်  ကိုယ်လိုချင်တဲ့ ဟိုဖက်အခြမ်းက Update Technology ကို မရောက်စရာအကြောင်း မရှိပါဘူး။



Computer History
Year/Enter
Computer History
Inventors/Inventions
Computer History
Description of Event

1936
Konrad Zuse - Z1 Computer First freely programmable computer.

1942
John Atanasoff & Clifford Berry
ABC Computer
Who was first in the computing biz is not always as easy as ABC.

1944
Howard Aiken & Grace Hopper
Harvard Mark I Computer
The Harvard Mark 1 computer.

1946
John Presper Eckert & John W. Mauchly
ENIAC 1 Computer
20,000 vacuum tubes later...

1948
Frederic Williams & Tom Kilburn
Manchester Baby Computer & The Williams Tube
Baby and the Williams Tube turn on the memories.

1947/48
John Bardeen, Walter Brattain & Wiliam Shockley
The Transistor
No, a transistor is not a computer, but this invention greatly affected the history of computers.

1951
John Presper Eckert & John W. Mauchly
UNIVAC Computer
First commercial computer & able to pick presidential winners.

1953
International Business Machines
IBM 701 EDPM Computer
IBM enters into 'The History of Computers'.

1954
John Backus & IBM
FORTRAN Computer Programming Language
The first successful high level programming language.
Stanford Research Institute, Bank of America, and General Electric
ERMA and MICR
The first bank industry computer - also MICR (magnetic ink character recognition) for reading checks.

1958
Jack Kilby & Robert Noyce
The Integrated Circuit
Otherwise known as 'The Chip'

1962
Steve Russell & MIT
Spacewar Computer Game
The first computer game invented.

1964
Douglas Engelbart
Computer Mouse & Windows
Nicknamed the mouse because the tail came out the end.

1969
ARPAnet The original Internet.

1970
Intel 1103 Computer Memory The world's first available dynamic RAM chip.

1971
Faggin, Hoff & Mazor
Intel 4004 Computer Microprocessor
The first microprocessor.

1971
Alan Shugart &IBM
The "Floppy" Disk
Nicknamed the "Floppy" for its flexibility.

1973
Robert Metcalfe & Xerox
The Ethernet Computer Networking
Networking.

1974/75
Scelbi & Mark-8 Altair & IBM 5100 Computers The first consumer computers.

1976/77
Apple I, II & TRS-80 & Commodore Pet Computers More first consumer computers.

1978
Dan Bricklin & Bob Frankston
VisiCalc Spreadsheet Software
Any product that pays for itself in two weeks is a surefire winner.

1979
Seymour Rubenstein & Rob Barnaby
WordStar Software
Word Processors.

1981
IBM
The IBM PC - Home Computer
From an "Acorn" grows a personal computer revolution

1981
Microsoft
MS-DOS Computer Operating System
From "Quick And Dirty" comes the operating system of the century.

1983
Apple Lisa Computer The first home computer with a GUI, graphical user interface.

1984
Apple Macintosh Computer The more affordable home computer with a GUI.

1985
Microsoft Windows Microsoft begins the friendly war with Apple.
Read More

ကွန်ပြူတာ Windows တင်နည်း (အပိုင်း ၁)

KHAM TAN (IT-PAOH) 3:22:00 PM | ,

Windows XP
Clean Installation

Computer
အသုံးပြုသူတစ်ဦးအနေနဲ့ တစ်နေ့နေ့၊ တစ်ချိန်ချိန်မှာ မလွဲမသွေကြုံတွေ့ရမှာက
Computer ပျက်စီးမှုပဲ ဖြစ်ပါတယ်။ ကွန်ပျူတာဟာ အသုံးချခံ Electronic Device
တစ်ခုသာ ဖြစ်တဲ့အတွက် သူ့ရဲ့ပျက်စီးမှုဟာ အထူးအထွေ အံ့သြစရာ မရှိပါ။
ပျက်စီးမှုကြုံတွေ့လာရင် ကျော်လွှားနိုင်ဖို့ ပြုပြင်မှု အတတ်ပညာကို မဖြစ်မနေ
တတ်မြောက်ထားဖို့ အရေးကြီးတဲ့ ခေတ်ကာလကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။
Computer
ပျက်စီးမှု (၂)မျိုးသာ ရှိပါတယ်..။ ၎င်းတို့မှာ-

(1) Hardware
(2) Software ပျက်စီးမှုတို့ ဖြစ်ပါတယ်..။

Hardware ပျက်စီးမှု

Hardware
ပျက်စီးမှုဟာ အကြောင်းမျိုးစုံ ရှိပါတယ်။ Electronic Devices များသာ
ဖြစ်တဲ့အတွက် မူလစက်ရုံ မှ ထုတ်လုပ်စဉ်ကတည်းက ပါရှိလာတဲ့ အပြစ်ကြောင့်
ပျက်တာလား၊ အသုံးပြုတဲ့ သက်တမ်း ကြာလာလို့ ပျက် တာလား၊ အသုံးပြုတဲ့
လျှပ်စစ်ဓာတ်အား မတည်ငြိမ်မှုကြောင့် ပျက်တာလား၊ အသုံးပြုသူရဲ့ အမှားအယွင်း
ကြောင့် ပျက်စီးတာလား စသည်ဖြင့် မျိုးစုံဖြစ်နိုင်ပါသည်။

Software ပျက်စီးမှု

Computer
မှာ အသုံးပြုတဲ့ Software ကို (၂)မျိုး ခွဲခြားနိုင်ပါသည်။ ၎င်းတို့မှာ-
(1)
Operating System
(2) Application Software ဆိုပြီး (၂)မျိုးရှိပါတယ်..။

ကွန်ပျူတာ စတင်လှုပ်ရှားနိုင်ဖို့ Operating System တစ်ခု လိုအပ်ပါတယ်။ အသုံးများတဲ့ Operating System တွေကို အောက်မှာ
ဖော်ပြလိုက်ပါတယ်..။ ၎င်းတို့မှာ-

(1) DOS 6.22
(2) Windows 3.1
(3) Windows 95
(4) Windows 98
(5) Windows ME
(6)
Windows XP
(7) Windows NT
(Cool Windows 2000 တို့ ဖြစ်ကြပါတယ်..။

Windows 3.1 ဟာ Operating System မဟုတ်ပါ။ DOS 6.22 မှာ မှီပြီး အသုံးပြုရတဲ့ Application Software တစ်ခုသာ ဖြစ်ပါတယ်။ ကျန်
Windows အားလုံးဟာ Operating System တွေ ဖြစ်ကြပါတယ်။ Windows NT နဲ့
Windows 2000 တို့ဟာ Network Version များ ဖြစ်ကြပါတယ်။

Word, Excel, PageMaker တို့လို Software တွေဟာ Application Software တွေ
ဖြစ်ပါတယ်။ Computer အသုံးပြုမှု ကျယ်ပြန့်လာတာနဲ့အမျှ Application Software
တွေ ပြဿနာပေါ်ရင် အများအားဖြင့် အသုံးပြုသူ Computer
ဝါသနာရှင်များကိုယ်တိုင် ဖြေရှင်းနိုင်နေပြီဖြစ်ပါတယ်။ ဒါပေမယ့် Windows XP
မှာ ပြဿနာ ပေါ်ရင် Computer အသုံးပြုသူတွေဟာ ကိုယ်တိုင် Installation
လုပ်ဖို့ မ၀ံ့မရဲ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် Windows XP ပျက်တဲ့အခါ
အလွယ်ကူဆုံး ထည့်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားသင့်တဲ့ နည်းလမ်းတွေကို
ပြောပြမှာ ဖြစ်ပါတယ်။ အဲ့ဒါကတော့ Clean Installation ဖြစ်ပါတယ်။ Hard Disk
အသစ်ကို Windows XP Installation လုပ်ခြင်းနဲ့အတူ Partition ပိုင်းခြင်း၊
Format လုပ်ခြင်းတို့ တစ်ခါတည်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
Hard Disk အသစ်မဟုတ်ပဲ Hard Disk အဟောင်းပေါ်မှာ Installation လုပ်ရင် Format
လုပ်ပြီးထည့်မှာ ဖြစ်တဲ့အတွက် Data တွေ ပျက်စီးနိုင်တာကို ကြိုတင်သိထားဖို့
လိုပါတယ်။ ဒါ့ကြောင့် Partition ပိုင်းတာက အစ စီမံကိန်းချပြီး
သတိရှိရှိနဲ့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

Hard Disk ကို စတင်အသုံးပြုနိုင်ဖို့ Partition အရင် ပိုင်းရပါမယ်။ Partition ကို FAT32
နဲ့ ပိုင်းမှာလား၊ NTFS နဲ့ ပိုင်းမှာလား၊ ကြိတင်စဉ်းစားရပါတယ်။ Windows OS
ဘယ်နှစ်မျိုး အသုံးပြုမှာလဲဆိုတာ ကြိုတင် စဉ်းစားရပါတယ်။ Windows 98 ကို
အသုံးပြုမယ်ဆိုရင် FAT32 ကို အသုံးပြုရပါမယ်။ Windows XP ကို FAT32 (သို့)
NTFS နှစ်မျိုးစလုံးမှာ အသုံးပြုနိုင်ပါတယ်။ Windows OS နှစ်မျိုးစလုံး
အသုံးပြုမှာဆိုရင် အနည်း ဆုံး Partition နှစ်ခုပိုင်းရင်
အကောင်းဆုံးဖြစ်ပါတယ်။

အခု ပြောပြမယ့် ကွန်ပျူတာရဲ့ Partition ကို NTFS နဲ့ ပိုင်းမှာ ဖြစ်တဲ့အတွက် Windows 98, Windows ME တို့
ထည့်သွင်းလို့ မရတာကို သတိပြုရပါမယ်..။

Windows XP တစ်မျိုးတည်းထည့်မှာ ဖြစ်တဲ့အတွက် Partition တစ်ပိုင်းတည်းထားရုံနဲ့
အဆင်ပြေပါတယ်။ သို့သော် Windows XP ပြဿနာပေါ်ခဲ့ရင် အမြန်ဆုံး၊
အလွယ်ကူဆုံးထည့်တဲ့နည်းလမ်းဟာ Clean Installation ဖြစ်ပါတယ်။ Clean
Installation နဲ့အတူ Format လုပ်ပြီးထည့်မှာဖြစ်တဲ့အတွက် Partition
တစ်ပိုင်းတည်းထား မှာဆိုရင် Format လုပ်ပြီးတဲ့အခါတိုင်းမှာ Data တွေ
ပျက်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် PageMaker တို့နဲ့ ရိုက်ထားတဲ့ Documents
Files တွေ၊ အသံပိုင်းဆိုင်ရာ Files တွေ၊ Video ပိုင်းဆိုင်ရာ Data တွေကို
ဒုတိယ Partition မှာ သိမ်းထားမှာ ဖြစ်ပါတယ်။ Data တွေကို Partition အလိုက်
ခွဲပြီးသိမ်းချင်ရင် Partition ကို နှစ်ခု ထက်ပိုပြီး ပိုင်းနိုင်ပါတယ်။

Partition
နှစ်ပိုင်းပိုင်းမှာဖြစ်တဲ့အတွက် မိမိ Computer ထဲမှာ Drive Letter "C:"
နဲ့ Drive "D:" တို့ကို တွေ့ရ မှာဖြစ်ပါတယ်။ အသစ်ထည့်မယ့် Windows XP ကို
Drive "C:" ထဲမှာ ထည့်မှာလား၊ Drive "D:" ထဲမှာ ထည့် မှာလား၊
ကြိုတင်စဉ်းစားထားဖို့ လိုပါတယ်။ Operating System ဟာ Windows XP
တစ်မျိုးတည်းသာ အသုံးပြု မှာဖြစ်တဲ့အတွက် Windows XP ကို Drive "C:" မှာ
ထည့်သွင်းရင် အကောင်းဆုံး ဖြစ်ပါတယ်။ Data တွေ အား လုံးကို Drive "D:"
ထဲမှာ သိမ်းထားမှာ ဖြစ်ပါတယ်။

Windows XP Installation (၂) မျိုးရှိပါတယ်။
၎င်းတို့မှာ-
(1) Full Version Installation
(2) Upgrade Installation တို့ ဖြစ်ပါတယ်။ Full Version Installation (၂)မျိုး
ရှိပါတယ်။
၎င်းတို့မှာ-
(1) Clean Installation
(2) Command Prompt Installation တို့ ဖြစ်ကြပါတယ်။ Hard Disk အသစ်ကို Installation
လုပ်တဲ့နည်းလမ်း နဲ့ High Level Format လုပ်ပြီးမှ ထည့်တဲ့နည်းလမ်းတွေကို
Clean Installation လို့ ခေါ်ပါတယ်။

Installing & Upgrading Windows

Windows ကို Install or Upgrade မလုပ်ခင် လုပ်ရမဲ့အချက်တွေကို
အရင်လေ့လာပါမယ်။

(၁) ပထမဦးဆုံး ကျွန်တော်တို့ အသုံးပြုမယ့် Windows ဟာ ဘယ်လို Computer (CPU, RAM, HDD) အနည်း ဆုံးရှိဖို့ လိုအပ်သလဲ။ ဒါကို
Hardware Requirement လို့ ခေါ်ပါတယ်။

(၂) ကိုယ်သုံးမယ့် Windows နဲ့သုံးထားတဲ့ Hardware ဟာ အပ်စပ်ရဲ့လား။ ဆီလျှော်ရဲ့လား။ ဒါကို Hardware
& Software Compatibility လို့ ခေါ်ပါတယ်။

(၃) အစ, အဆုံး Install ပြန်လုပ်မှာလား။ Clean Install ဒါမှမဟုတ် ရှိပြီးသားကို Upgrade
လုပ်မှာလား။

(၄) Data ကို Backup လုပ်ဖို့လိုအပ်ရင် ဘယ်လို Backup လုပ်လို့ ဘယ်လိုပြန်ခေါ်ကြမလဲ။ ဒါလည်း စဉ်းစား စီစဉ်ရမယ်။

(၅) Install လုပ်တဲ့အခါ ဘယ်လိုဘယ်ပုံ လုပ်ရမယ်ဆိုတာ ရွေးချယ်ရမယ့် အဆင့်ဆင့်။

(၆)
Hard Disk ကို တစ်ပိုင်းတည်းပဲထားမှာလား။ C: တွေ၊ D: တွေ ခွဲအုံးမှာလား။
File System က ဘာသုံး မှာလဲ။

(၇) Windows တင်တာတော့ ဟုတ်ပါပြီ။ ဒီ Computer က Network ချိတ်အုံးမှာလား။

(၈) Computer မှာ Windows ကို English လား၊ German လား၊ Language ရွေးပေးပါ။ ဒီရွေးပေးတဲ့ပေါ် မူတည်ပြီး
Currency တို့၊ Keyboard Layout တို့ ပြောင်းသွားမှာ ဖြစ်ပါတယ်။

(၉) Install လုပ်ပြီးသွားရင် လုပ်ရမယ့်အချက်များစုဆောင်းပါ စသည်ဖြင့်
အချက်(၉)ချက်နဲ့ လုပ်သွားမှာ ဖြစ်ပါ တယ်။

Entering Setup Program
System BIOS သည် power on self test (Post) လုပ်နေစဉ်အတွင်းမှာ CMOS setup
program ကို access လုပ်ခွင့်ပေးထားပါတယ်။ Computer power စဖွင့်ပြီး
မကြာခင် System memory ကို စစ်ဆေးနေစဉ် အတွင်း setup ထဲသို့
ဝင်ရောက်ရန်အတွက် key တစ်ခုခုကို နှိပ်ပါဆိုတဲ့ ညွှန်ကြားချက်ပါဝင်သော
message ကို screen ပေါ်တွင် တွေ့ရပါလိမ့်မယ်။


AMI ၊ Award နှင့်
အခြားအသုံးများသော BIOS များတွင် Delete Key သည် Setup အတွင်း ၀င်ရောက်ရန်
Standard key ဖြစ်ပြီး အချို့သော BIOS များမှာတော့ F1 ၊ F2 ၊ F10 ၊ Esc ၊
အစရှိသော Key များကို နှိပ်ပြီး ၀င်ရောက်ရပါတယ်။ Memory Test
လုပ်နေစဉ်အတွင်း ညွှန်ကြားထားတဲ့ Key (ဥပမာ Del ) ကို နှိပ်မယ်ဆိုရင်
ရွေးချယ်စရာ Menu များစွာပါရှိသော BIOS setup program ရဲ့ Interface ကို
မြင်ရပါမယ်။ ထို Interface သည် BIOS အမျိုးအစားပေါ်မူတည်ပြီး မတူညီပဲ
ကွဲပြားကြပါတယ်။

ဥပမာ-
AMI - F1, Del, Ctrl+S
AST - Ctrl+Alt+Esc
Award - F1, F2, Del, Ctrl+Alt+Enter
Compaq- F10
Phoenix - F2, Ctrl+Alt+Esc, Ctrl+Alt+R, Ctrl+Alt+Ins, Ctrl+Alt+Q, Ctrl+Alt+F1, Ctrl+Alt+(+), Ctrl+Alt+(-)
IBM - PS1 Ctrl+Alt+I အစရှိသည်ဖြင့် ကွဲပြားနိုင်ပါတယ်။

Motherboard Manual ထဲတွင် ထို Setup Program ကို ဘယ်လိုအသုံးပြုရမလဲဆိုတဲ့ ညွှန်ကြားချက်များ ပါရှိပါတယ်။
Setting တစ်ခုခုကို ပြောင်းတော့မယ်ဆိုရင် အလွန်သတိထားဖို့ လိုပါတယ်။ အကယ်၍
အရေးကြီး Setting တစ်ခုခုကို မှားယွင်းပြောင်းလဲခဲ့မိပါက စက်မတက်သည့်
ပြဿနာမျိုး ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် setting တစ်ခုခုကို
ပြောင်းတော့မယ်ဆိုရင် မပြောင်းခင်မှာ နဂိုရှိပြီးသား CMOS setting များကို
စာရွက်ပေါ်မှာ ဖြစ်ဖြစ် ရေးချမှတ်သားထားဖို့ လိုပါလိမ့်မယ်။


System Boot Sequence
ယခုဆက်လက်ပြီးတော့
System BIOS ၏ လုပ်ဆောင်ပုံများကို ပိုမိုသဘောပေါက် နားလည်စေရန်အတွက်
computer power စဖွင့်ချိန်မှစ၍ Operating System စတင်သည့်ကြားကာလအတွင်း
BIOS မှ လုပ်ဆောင်ပုံ အဆင့်ဆင့်တို့ကို အနည်းငယ် ထပ်မံရှင်းပြလိုပါတယ်။

When Power is applied to the computer
Computer Power ဖွင့်လိုက်တဲ့အခါ Power Supply သည် မိမိအတွင်းပိုင်းမှာ ပုံမှန်လုပ်ဆောင်နိုင်ခြင်း ရှိ/မရှိ
စစ်ဆေးပြီး အောင်မြင်ပါက Power Good Signal ကို ထုတ်ပေးပါလိမ့်မယ်။
Motherboard ပေါ်ရှိ Processor Timer Chip သည် ထို Power Good Signal ကို
ရရှိမှသာလျှင် Processor reset လုပ်ထားခြင်းကို ရပ်ဆိုင်း လိုက်ပြီး
စတင်အလုပ်လုပ်စေပါလိမ့်မယ်။ ပုံမှန်အားဖြင့် power ဖွင့်ချိန်မှစပြီး power
good စတင်ထုတ်ပေးချိန် ထိ ၁ စက္ကန့်မှ ၅ စက္ကန့်အတွင်း ကြာမြင့်လေ့ရှိပါတယ်။

CMOS Setup
Computer
ထဲကို Hard Disk အသစ် တပ်ဆင်ပြီးတဲ့အခါ Auto Detect Hard Disk
လုပ်ပေးရပါတယ်။ Pentium III, P4 Computer တွေမှာ Auto Detect Hard Disk
အပိုင်းဟာ သီးသန့်လုပ်ဆောင်ပေးစရာ မလိုပါ။ CMOS Setup က တပ်ဆင်ထားတဲ့ Hard
Disk ကို Auto ရှာဖွေပြီး၊ Cylinder, Head, Sector တန်ဖိုးတွေကို
ဖြည့်ပေးပါတယ်။ Model နိမ့်တဲ့ PI, PII Computer တွေမှာတော့ Auto Detect
Hard Disk ကို မဖြစ်မနေ လုပ် ပေးဖို့ လိုအပ်ပါတယ်။

(၁) Computer ဖွင့်စ Post လုပ်နေတဲ့အချိန်မှာ Del Key ကိုနှိပ်ပြီး CMOS setup ထဲကို
ဝင်ရပါတယ်။
Press DEL to run Setup ဆိုပြီး
CMOS setup ထဲကို ၀င်ချင်ရင် Del Key ကိုနှိပ်ပြီး ၀င်ဖို့ ပြော နေတာကို
Monitor ရဲ့အောက်မှာ တွေ့နိုင်ပါတယ်။


(၂) Hard Disk
အသစ်တပ်ဆင်တိုင်း
Auto Detect Hard Disk လုပ်ရပါမယ်။ ယခု computer ဟာ P4 ဖြစ်တဲ့ အတွက် Auto
Detect ကို သီးသန့်လုပ်ဖို့ မလိုအပ်ပါ။

(၃) Auto Detect လုပ်ပြီးတဲ့အခါ Advanced BIOS Feature Setup ထဲကို ၀င်လိုက်ရပါတယ်။

BIOS
အတွက် အရေးကြီးသောသီးခြား ရွေးချယ်မှု Navigation Options များမှာ-
- အပေါ်၊ အောက် Highlight Scroll ရွေးချယ်မှု ပြုလုပ်ရန်အတွက် UP and Down Arrow Key များကို နှိပ်၍ ရွေးချယ်ခြင်း၊ (သို့မဟုတ်)
Page Up or
Page Down Key ကို နှိပ်ခြင်း။
- Select လုပ်ထားသော Option ကို ၀င်ရောက်ရန်အတွက် Enter Key ကို နှိပ်ခြင်းဖြင့်
ရွေးချယ်ခြင်း။
- ပြန်ထွက်ရန်အတွက် Esc Key ကို နှိပ်ခြင်းဖြင့် ရွေးချယ်ခြင်း။
- Save လုပ်ပြီးပြန်ထွက်ရန်အတွက် F10
Key ကို ရွေးချယ်ခြင်း စသည်ဖြင့် ၀င်ရောက်နိုင်ပါတယ်။

(အပိုင်း ၂) ဆက်လက်ဖတ်ပါ
Read More

Network command များစုစည်းမှု့

KHAM TAN (IT-PAOH) 2:54:00 PM | , ,


ကျွန်တော်သူငယ်ချင်းတွေအတွက် Post အသစ်တွေ မတင်ပြပေးဖြစ်တာ အတော်ကြာနေပါပြီ။ အကြောင်းက ကျွန်တော် Network နဲ့ပတ်သက်တာတွေ လေ့လာနေလို့ဖြစ်ပါတယ်။ ကျွန်တော် တင်ပြပေးဖို့လဲ ရှိပါတယ်။ အခုတော့ Network နဲ့ပတ်သက်ပြီ အခြေခံ Command တွေကို တင်ပြပေးလိုက်ပါတယ်။ နောက်ပိုင်း Network နဲ့ပတ်သက်တဲ့ သဘောတရားတွေကို နည်းနည်းစီ တင်ပြပေးသွားမှာပါ။ Windows နဲ့ပတ်သက်တာတွေလည် ဆက်ရေးမှာပါ။ အခုတင်ပြပေးတဲ့ command တွေကိုလည် သိထားသင့်လို့ တင်ပြပေးလိုက်တာပါ။ Start >> Run >> cmd ထဲမှာ ရိုက်ရမှာဖြစ်ပါတယ်။ မြန်မာလို ထပ်ရှင်းစရာ မလိုဘူးလို့ထ င်ပါတယ်။ ဒီတိုင်းရှင်းလို့ဖြစ်ပါတယ်။

  • mstsc - Brings up a Remote Desktop connection box
  • ipconfig - Shows your computer ip configuration
  • ncpa.cpl - Network Connections
  • netsetup.cpl - Network Setup Wizard
  • Cfgwiz32 - ISDN Configuration Wizard
  • fsquirt - Bluetooth wizard
  • netsetup - Network setup wizard
  • rasphone - Dial up networking wizard
  • \\10.0.0.1 - It will display the shared files on another computer on your network (replace 10.0.0.1 with the IP address of the computer you want to access.)
  • \\mitz - It will display the shared files on another computer on your network (replace mitz with the name of the computer you want to access.)
  • fsmgmt.msc - Views your computers shared folders

Read More

Controlling command များစုစည်းမှု့

KHAM TAN (IT-PAOH) 2:51:00 PM | , ,

ကျွန်တော်တို့ ကွန်ပျူတာမှာ controlling အပိုင်းနဲ့ သက်ဆိုင်တဲ့ command တွေကို စုစည်းတင်ပြပေးလိုက်ပါတယ်။ အခြား controlling command တွေလည် ကျန်ခဲ့နိုင်ပါတယ်။ ကျွန်တော်ကတော့ ကျွန်တော် သိသလောက် မှတ်မိသလောက်ကို တင်ပြပေးလိုက်တာပါ။ ကျွန်တော်တို့ ဒီcommand တွေကတော့ မိမိလိုအပ်တဲ့ အပိုင်းတွေကို ပြုပြင် ပြောင်းလဲ လုပ်တဲ့နေရာမှာ မြန်မြန်ဆန်ဆန်နဲ့ ပြီးမြှောက်ဖို့အတွက် အလွယ်သွားနိုင်အောင် စုစည်းပေးလိုက်တာပါ။

  1. regedit - brings up the registry to edit
  2. diskmgmt.msc - Brings up disk management.. Handy to label hard drives etc
  3. compmgmt.msc - Opens computer management
  4. timedate.cpl - Shows the date and time dialog box
  5. control userpasswords - shows your Windows User accounts
  6. Control - Displays Control Panel
  7. Control mouse - Used to control mouse properties
  8. taskmgr - Opens task manager
  9. sysedit - System configuration utility
  10. control admintools - Administrative Tools which have Computer management, Services, and more
  11. control folders - Folders Properties
  12. devmgmt.msc - Device Manager
  13. mmsys.cpl - Sounds and Audio
  14. services.msc - Displays the services that are running on your computer.
  15. msconfig - displays the system configuration utility where you can edit your startup programs
  16. gpedit.msc - Brings up the Local Computer Policy
Read More

အိမ်သုံးဝါယာလက် လုံခြုံရေး

KHAM TAN (IT-PAOH) 10:28:00 AM | , ,

သာမာန်ထက် လုံခြုံစိတ်ချရသော အိမ်သုံး Wireless တစ်ခုတည်ဆောက်မယ်...  ဒါကတော့ မိမိရဲ့ အိမ်သုံး၊ ရုံးသုံး Wireelss Access Point တွေအတွက် လုံခြုံစိတ်ချရအောင်နည်းလမ်း တစ်ချို့ပါ။

၁။ Wireless Router or Access Point ရဲ့ မူလနေရာတွင်
Wireless Router ဒါမှမဟုတ် Wireless Access Point တိုင်းမှာ Administrator တစ်ယောက်အနေနဲ့ Device Configuration Setting တွေကို ပြင်ဆင်လို့ရအောင် manufacture setting အနေနဲ့ user name = admin , password = admin နဲ့ Wireless Access Password အနေနဲ့ WEP protect လုပ်ထားရင် passsword = aabbccddee စသည့်ဖြင့် အသုံးပြုသူအနေနဲ့ လွယ်ကူအောင် Factory Default တွေသတ်မှတ်ထားပါတယ်။ သာမာန် ကွန်ပျူတာကို တပ်ဆင်အသုံးပြုသူတွေအနေနဲ့ အင်တာနက်ကို တန်းဝယ် ကောက်ဆင်လုပ်တတ်တဲ့အတွက် ဒီ Setting နှစ်ခုကို protect လုပ်ဖို့ သတိမရကြပါဘူး။ တစ်ချို့ Technician တွေအနေနဲ့လည်း ပြီးရင်ပြီးရော password ရှိတာပဲ ဆိုကာ ဒီအတိုင်းပဲ ထားခဲ့တတ်ကြပါတယ်။ ဒီတော့ ကွန်ပျူတာ အနည်းငယ်တတ်ကျွမ်းတဲ့ သူတွေက သူတို့ရဲ့ Notebook ကိုဖွင့်က အနီးအနားက Wireless ကိုဖမ်းတဲ့အခါ တစ်ချို့ Device တွေက Factory Default တွေပါ။ ဆိုလိုတာက Aztech ဆိုရင် SSID မှာ aztech , D-link  = d-link  နဲ့ Linksys ဆိုရင် linksys စသည်ပေါ့။ ဒီလို ပေါ်နေပြီဆိုရင် ၉၀% ကတော့ သူတို့ ဒီ router / ap ရဲ့ default ကိုမပြောင်းရသေးပါဘူး။ wireless ရဲ့ password ကိုမပြောင်းရသေးမှတော့ Device ရဲ့ administrative password ကိုလည်း မပြောင်းရသေးတာသေချာပါတယ်။
Administrator password နဲ့ Wireless Password ကိုပြောင်းဖို့မမေ့ပါနဲ့။ ဒါက အဓိက။

၂။ Don't broadcast your SSID (Service Set IDentifier)
ဒါကတော့ အခုနောက်ပေါ်တဲ့ Access Point တစ်ချို့ (အကုန်လုံးနီးပါး) မှာပါတဲ့ Function တစ်ခုပါ။ Linksys ရဲ့ WAP54G ကိုကြည့်မယ်ဆိုရင် သူက အနီးအနားမှာ ရှိတဲ့ AP နဲ့ Router Device တွေကို ရှာဖွေကာ AP to AP , AP to Router ချိတ်ဆက်တာပါ။ ပုံမှန်အားဖြင့်တော့ ဒါလေးက On နေတတ်ပါတယ်.. ဒီလိုအချိန်မျိုးမှာ တစ်ခြား AP or Router နေရာကနေ Signal ကိုယူက Network Traffic ကို sniffing လုပ်နိုင်ပါတယ်..
အသုံးမလိုက ပိတ်ထားပါ။

၃။ WPA/WPA2 ကို WEP အစားသုံးပါ။
WPA (Wi-Fi Protected Access WEP) ဆိုတာ WEP (Wired Equivalent Privacy) ထက်ပိုပြီး လုံခြုံစိတ်ချရပါတယ်။
WEP password သာပေးထားရင် ဟက်ကာ မဟုတ်လည်း Hacking Tool တွေနဲ့ ဟက်ရင် ၅ မိနှစ်မကြာပါဘူး။ WPA ကိုကော ဟက်လို့မရဘူးလားဆိုတော့ ရတော့ရတယ်.. ခက်တယ်။

၎။ MAC filtering လုပ်ခြင်း
MAC (Media Access Control) ဆိုတာကတော့ Network Adapters / Network Interface Cards (NICs) တိုင်းမှာပါတဲ့၎င်းတို့ရဲ့ Manufacturer  for Identification ပါ။ Character ၁၂ ပါတဲ့ မတူညီ အမှတ်ပါ။ MAC filtering Setting ကိုသွား၍ မိမိတို့ရဲ့ MAC ကိုကြိုတင် Reserved လုပ်ခြင်းဖြင့် Network Security ကိုပိုပြီး စိတ်ချစေနိုင်ပါတယ်။ ဒါက Private အတွက်ပါ။

၅။ Remote Administration ကို ပိတ်ခြင်းပါ။
ပုံမှန်အားဖြင့်တော့ Remote Access ကို Wireless Device တော်တော်များများမှာ ပိတ်ထားတတ်ပါတယ်။ Remote Administration ဆိုတာကတော့ ဘယ်နေရာပဲရောက်ရောက် မိမိရဲ့ အိမ်၊ ရုံးက Router ရဲ့ Configuration Setting တွေကို ပြုပြင်လို့ရတဲ့ advanced management setting တစ်ခုပါ။
ဒါလေးကို လည်း Check ဖို့မမေ့ပါနဲ့။

source: lannthit

Read More

Related Posts Plugin for WordPress, Blogger...