ကောင်မလေးရေ မမေ့ခဲ့ပါဘူး
ရွေးချယ်ခွင့်မရှိခဲ့တဲ့..ငါ့ဘ၀မှာ
အရာရာကိုထိတ်လန့်နေခဲ့ရတယ်
မင်း..ဘယ်တော့များ... ငါ့ရင်ထဲကို
ထွက်သွားမှာလဲပေါ့ ဘယ်သူတွေက
ငါ့အချစ်တွေကို
စာနာပေးနိုင်မလဲလို့
အခါခါစဉ်းစားရင်း..ကြေကွဲနေခဲ့ရသူပါ......
ပိုင်ဆိုင်ခွင့်မရှိတဲ့.ငါ့ဘ၀ကိုငါ….
မုန်းတီးနေမိတယ်..... ချစ်တယ်ဆိုတဲ့
စကားလေးတွေတောင်
မင်းဆီကကြားခွင့်မရှိတာ
မင်း..ကိုယ့်ကို တကယ်မချစ်ခဲ့တာလားကောင်မလေးရယ်...။
2 comments:
ကောင်းပါတယ် ဗျာ
စာသားလေးကတော့ကျွန်တော်ရင်ကိုထိတယ်ဗျာ
Post a Comment