မင်္ဂလာပါ။ ..... ::: IT-PAOH Group ::: >> it-paoh.blogspot.com မှ ကြိုဆိုပါဧ။် .... itwinmaung@gmail.com သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။........ အကြံပေးလိုသည်များ ရှိပါက pndomember@gmail.com သို့ ပေးပို့နိုင်ပါသည်။.............. လာရောက်လည်ပတ်သူများ အထူးကျေးဇူးတင်လျက်ရှိပါသည်။

ကွန်ပြူတာ Windows တင်နည်း (အပိုင်း ၁)

KHAM TAN (IT-PAOH) 3:22:00 PM | ,

Windows XP
Clean Installation

Computer
အသုံးပြုသူတစ်ဦးအနေနဲ့ တစ်နေ့နေ့၊ တစ်ချိန်ချိန်မှာ မလွဲမသွေကြုံတွေ့ရမှာက
Computer ပျက်စီးမှုပဲ ဖြစ်ပါတယ်။ ကွန်ပျူတာဟာ အသုံးချခံ Electronic Device
တစ်ခုသာ ဖြစ်တဲ့အတွက် သူ့ရဲ့ပျက်စီးမှုဟာ အထူးအထွေ အံ့သြစရာ မရှိပါ။
ပျက်စီးမှုကြုံတွေ့လာရင် ကျော်လွှားနိုင်ဖို့ ပြုပြင်မှု အတတ်ပညာကို မဖြစ်မနေ
တတ်မြောက်ထားဖို့ အရေးကြီးတဲ့ ခေတ်ကာလကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။
Computer
ပျက်စီးမှု (၂)မျိုးသာ ရှိပါတယ်..။ ၎င်းတို့မှာ-

(1) Hardware
(2) Software ပျက်စီးမှုတို့ ဖြစ်ပါတယ်..။

Hardware ပျက်စီးမှု

Hardware
ပျက်စီးမှုဟာ အကြောင်းမျိုးစုံ ရှိပါတယ်။ Electronic Devices များသာ
ဖြစ်တဲ့အတွက် မူလစက်ရုံ မှ ထုတ်လုပ်စဉ်ကတည်းက ပါရှိလာတဲ့ အပြစ်ကြောင့်
ပျက်တာလား၊ အသုံးပြုတဲ့ သက်တမ်း ကြာလာလို့ ပျက် တာလား၊ အသုံးပြုတဲ့
လျှပ်စစ်ဓာတ်အား မတည်ငြိမ်မှုကြောင့် ပျက်တာလား၊ အသုံးပြုသူရဲ့ အမှားအယွင်း
ကြောင့် ပျက်စီးတာလား စသည်ဖြင့် မျိုးစုံဖြစ်နိုင်ပါသည်။

Software ပျက်စီးမှု

Computer
မှာ အသုံးပြုတဲ့ Software ကို (၂)မျိုး ခွဲခြားနိုင်ပါသည်။ ၎င်းတို့မှာ-
(1)
Operating System
(2) Application Software ဆိုပြီး (၂)မျိုးရှိပါတယ်..။

ကွန်ပျူတာ စတင်လှုပ်ရှားနိုင်ဖို့ Operating System တစ်ခု လိုအပ်ပါတယ်။ အသုံးများတဲ့ Operating System တွေကို အောက်မှာ
ဖော်ပြလိုက်ပါတယ်..။ ၎င်းတို့မှာ-

(1) DOS 6.22
(2) Windows 3.1
(3) Windows 95
(4) Windows 98
(5) Windows ME
(6)
Windows XP
(7) Windows NT
(Cool Windows 2000 တို့ ဖြစ်ကြပါတယ်..။

Windows 3.1 ဟာ Operating System မဟုတ်ပါ။ DOS 6.22 မှာ မှီပြီး အသုံးပြုရတဲ့ Application Software တစ်ခုသာ ဖြစ်ပါတယ်။ ကျန်
Windows အားလုံးဟာ Operating System တွေ ဖြစ်ကြပါတယ်။ Windows NT နဲ့
Windows 2000 တို့ဟာ Network Version များ ဖြစ်ကြပါတယ်။

Word, Excel, PageMaker တို့လို Software တွေဟာ Application Software တွေ
ဖြစ်ပါတယ်။ Computer အသုံးပြုမှု ကျယ်ပြန့်လာတာနဲ့အမျှ Application Software
တွေ ပြဿနာပေါ်ရင် အများအားဖြင့် အသုံးပြုသူ Computer
ဝါသနာရှင်များကိုယ်တိုင် ဖြေရှင်းနိုင်နေပြီဖြစ်ပါတယ်။ ဒါပေမယ့် Windows XP
မှာ ပြဿနာ ပေါ်ရင် Computer အသုံးပြုသူတွေဟာ ကိုယ်တိုင် Installation
လုပ်ဖို့ မ၀ံ့မရဲ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် Windows XP ပျက်တဲ့အခါ
အလွယ်ကူဆုံး ထည့်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားသင့်တဲ့ နည်းလမ်းတွေကို
ပြောပြမှာ ဖြစ်ပါတယ်။ အဲ့ဒါကတော့ Clean Installation ဖြစ်ပါတယ်။ Hard Disk
အသစ်ကို Windows XP Installation လုပ်ခြင်းနဲ့အတူ Partition ပိုင်းခြင်း၊
Format လုပ်ခြင်းတို့ တစ်ခါတည်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
Hard Disk အသစ်မဟုတ်ပဲ Hard Disk အဟောင်းပေါ်မှာ Installation လုပ်ရင် Format
လုပ်ပြီးထည့်မှာ ဖြစ်တဲ့အတွက် Data တွေ ပျက်စီးနိုင်တာကို ကြိုတင်သိထားဖို့
လိုပါတယ်။ ဒါ့ကြောင့် Partition ပိုင်းတာက အစ စီမံကိန်းချပြီး
သတိရှိရှိနဲ့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

Hard Disk ကို စတင်အသုံးပြုနိုင်ဖို့ Partition အရင် ပိုင်းရပါမယ်။ Partition ကို FAT32
နဲ့ ပိုင်းမှာလား၊ NTFS နဲ့ ပိုင်းမှာလား၊ ကြိတင်စဉ်းစားရပါတယ်။ Windows OS
ဘယ်နှစ်မျိုး အသုံးပြုမှာလဲဆိုတာ ကြိုတင် စဉ်းစားရပါတယ်။ Windows 98 ကို
အသုံးပြုမယ်ဆိုရင် FAT32 ကို အသုံးပြုရပါမယ်။ Windows XP ကို FAT32 (သို့)
NTFS နှစ်မျိုးစလုံးမှာ အသုံးပြုနိုင်ပါတယ်။ Windows OS နှစ်မျိုးစလုံး
အသုံးပြုမှာဆိုရင် အနည်း ဆုံး Partition နှစ်ခုပိုင်းရင်
အကောင်းဆုံးဖြစ်ပါတယ်။

အခု ပြောပြမယ့် ကွန်ပျူတာရဲ့ Partition ကို NTFS နဲ့ ပိုင်းမှာ ဖြစ်တဲ့အတွက် Windows 98, Windows ME တို့
ထည့်သွင်းလို့ မရတာကို သတိပြုရပါမယ်..။

Windows XP တစ်မျိုးတည်းထည့်မှာ ဖြစ်တဲ့အတွက် Partition တစ်ပိုင်းတည်းထားရုံနဲ့
အဆင်ပြေပါတယ်။ သို့သော် Windows XP ပြဿနာပေါ်ခဲ့ရင် အမြန်ဆုံး၊
အလွယ်ကူဆုံးထည့်တဲ့နည်းလမ်းဟာ Clean Installation ဖြစ်ပါတယ်။ Clean
Installation နဲ့အတူ Format လုပ်ပြီးထည့်မှာဖြစ်တဲ့အတွက် Partition
တစ်ပိုင်းတည်းထား မှာဆိုရင် Format လုပ်ပြီးတဲ့အခါတိုင်းမှာ Data တွေ
ပျက်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် PageMaker တို့နဲ့ ရိုက်ထားတဲ့ Documents
Files တွေ၊ အသံပိုင်းဆိုင်ရာ Files တွေ၊ Video ပိုင်းဆိုင်ရာ Data တွေကို
ဒုတိယ Partition မှာ သိမ်းထားမှာ ဖြစ်ပါတယ်။ Data တွေကို Partition အလိုက်
ခွဲပြီးသိမ်းချင်ရင် Partition ကို နှစ်ခု ထက်ပိုပြီး ပိုင်းနိုင်ပါတယ်။

Partition
နှစ်ပိုင်းပိုင်းမှာဖြစ်တဲ့အတွက် မိမိ Computer ထဲမှာ Drive Letter "C:"
နဲ့ Drive "D:" တို့ကို တွေ့ရ မှာဖြစ်ပါတယ်။ အသစ်ထည့်မယ့် Windows XP ကို
Drive "C:" ထဲမှာ ထည့်မှာလား၊ Drive "D:" ထဲမှာ ထည့် မှာလား၊
ကြိုတင်စဉ်းစားထားဖို့ လိုပါတယ်။ Operating System ဟာ Windows XP
တစ်မျိုးတည်းသာ အသုံးပြု မှာဖြစ်တဲ့အတွက် Windows XP ကို Drive "C:" မှာ
ထည့်သွင်းရင် အကောင်းဆုံး ဖြစ်ပါတယ်။ Data တွေ အား လုံးကို Drive "D:"
ထဲမှာ သိမ်းထားမှာ ဖြစ်ပါတယ်။

Windows XP Installation (၂) မျိုးရှိပါတယ်။
၎င်းတို့မှာ-
(1) Full Version Installation
(2) Upgrade Installation တို့ ဖြစ်ပါတယ်။ Full Version Installation (၂)မျိုး
ရှိပါတယ်။
၎င်းတို့မှာ-
(1) Clean Installation
(2) Command Prompt Installation တို့ ဖြစ်ကြပါတယ်။ Hard Disk အသစ်ကို Installation
လုပ်တဲ့နည်းလမ်း နဲ့ High Level Format လုပ်ပြီးမှ ထည့်တဲ့နည်းလမ်းတွေကို
Clean Installation လို့ ခေါ်ပါတယ်။

Installing & Upgrading Windows

Windows ကို Install or Upgrade မလုပ်ခင် လုပ်ရမဲ့အချက်တွေကို
အရင်လေ့လာပါမယ်။

(၁) ပထမဦးဆုံး ကျွန်တော်တို့ အသုံးပြုမယ့် Windows ဟာ ဘယ်လို Computer (CPU, RAM, HDD) အနည်း ဆုံးရှိဖို့ လိုအပ်သလဲ။ ဒါကို
Hardware Requirement လို့ ခေါ်ပါတယ်။

(၂) ကိုယ်သုံးမယ့် Windows နဲ့သုံးထားတဲ့ Hardware ဟာ အပ်စပ်ရဲ့လား။ ဆီလျှော်ရဲ့လား။ ဒါကို Hardware
& Software Compatibility လို့ ခေါ်ပါတယ်။

(၃) အစ, အဆုံး Install ပြန်လုပ်မှာလား။ Clean Install ဒါမှမဟုတ် ရှိပြီးသားကို Upgrade
လုပ်မှာလား။

(၄) Data ကို Backup လုပ်ဖို့လိုအပ်ရင် ဘယ်လို Backup လုပ်လို့ ဘယ်လိုပြန်ခေါ်ကြမလဲ။ ဒါလည်း စဉ်းစား စီစဉ်ရမယ်။

(၅) Install လုပ်တဲ့အခါ ဘယ်လိုဘယ်ပုံ လုပ်ရမယ်ဆိုတာ ရွေးချယ်ရမယ့် အဆင့်ဆင့်။

(၆)
Hard Disk ကို တစ်ပိုင်းတည်းပဲထားမှာလား။ C: တွေ၊ D: တွေ ခွဲအုံးမှာလား။
File System က ဘာသုံး မှာလဲ။

(၇) Windows တင်တာတော့ ဟုတ်ပါပြီ။ ဒီ Computer က Network ချိတ်အုံးမှာလား။

(၈) Computer မှာ Windows ကို English လား၊ German လား၊ Language ရွေးပေးပါ။ ဒီရွေးပေးတဲ့ပေါ် မူတည်ပြီး
Currency တို့၊ Keyboard Layout တို့ ပြောင်းသွားမှာ ဖြစ်ပါတယ်။

(၉) Install လုပ်ပြီးသွားရင် လုပ်ရမယ့်အချက်များစုဆောင်းပါ စသည်ဖြင့်
အချက်(၉)ချက်နဲ့ လုပ်သွားမှာ ဖြစ်ပါ တယ်။

Entering Setup Program
System BIOS သည် power on self test (Post) လုပ်နေစဉ်အတွင်းမှာ CMOS setup
program ကို access လုပ်ခွင့်ပေးထားပါတယ်။ Computer power စဖွင့်ပြီး
မကြာခင် System memory ကို စစ်ဆေးနေစဉ် အတွင်း setup ထဲသို့
ဝင်ရောက်ရန်အတွက် key တစ်ခုခုကို နှိပ်ပါဆိုတဲ့ ညွှန်ကြားချက်ပါဝင်သော
message ကို screen ပေါ်တွင် တွေ့ရပါလိမ့်မယ်။


AMI ၊ Award နှင့်
အခြားအသုံးများသော BIOS များတွင် Delete Key သည် Setup အတွင်း ၀င်ရောက်ရန်
Standard key ဖြစ်ပြီး အချို့သော BIOS များမှာတော့ F1 ၊ F2 ၊ F10 ၊ Esc ၊
အစရှိသော Key များကို နှိပ်ပြီး ၀င်ရောက်ရပါတယ်။ Memory Test
လုပ်နေစဉ်အတွင်း ညွှန်ကြားထားတဲ့ Key (ဥပမာ Del ) ကို နှိပ်မယ်ဆိုရင်
ရွေးချယ်စရာ Menu များစွာပါရှိသော BIOS setup program ရဲ့ Interface ကို
မြင်ရပါမယ်။ ထို Interface သည် BIOS အမျိုးအစားပေါ်မူတည်ပြီး မတူညီပဲ
ကွဲပြားကြပါတယ်။

ဥပမာ-
AMI - F1, Del, Ctrl+S
AST - Ctrl+Alt+Esc
Award - F1, F2, Del, Ctrl+Alt+Enter
Compaq- F10
Phoenix - F2, Ctrl+Alt+Esc, Ctrl+Alt+R, Ctrl+Alt+Ins, Ctrl+Alt+Q, Ctrl+Alt+F1, Ctrl+Alt+(+), Ctrl+Alt+(-)
IBM - PS1 Ctrl+Alt+I အစရှိသည်ဖြင့် ကွဲပြားနိုင်ပါတယ်။

Motherboard Manual ထဲတွင် ထို Setup Program ကို ဘယ်လိုအသုံးပြုရမလဲဆိုတဲ့ ညွှန်ကြားချက်များ ပါရှိပါတယ်။
Setting တစ်ခုခုကို ပြောင်းတော့မယ်ဆိုရင် အလွန်သတိထားဖို့ လိုပါတယ်။ အကယ်၍
အရေးကြီး Setting တစ်ခုခုကို မှားယွင်းပြောင်းလဲခဲ့မိပါက စက်မတက်သည့်
ပြဿနာမျိုး ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် setting တစ်ခုခုကို
ပြောင်းတော့မယ်ဆိုရင် မပြောင်းခင်မှာ နဂိုရှိပြီးသား CMOS setting များကို
စာရွက်ပေါ်မှာ ဖြစ်ဖြစ် ရေးချမှတ်သားထားဖို့ လိုပါလိမ့်မယ်။


System Boot Sequence
ယခုဆက်လက်ပြီးတော့
System BIOS ၏ လုပ်ဆောင်ပုံများကို ပိုမိုသဘောပေါက် နားလည်စေရန်အတွက်
computer power စဖွင့်ချိန်မှစ၍ Operating System စတင်သည့်ကြားကာလအတွင်း
BIOS မှ လုပ်ဆောင်ပုံ အဆင့်ဆင့်တို့ကို အနည်းငယ် ထပ်မံရှင်းပြလိုပါတယ်။

When Power is applied to the computer
Computer Power ဖွင့်လိုက်တဲ့အခါ Power Supply သည် မိမိအတွင်းပိုင်းမှာ ပုံမှန်လုပ်ဆောင်နိုင်ခြင်း ရှိ/မရှိ
စစ်ဆေးပြီး အောင်မြင်ပါက Power Good Signal ကို ထုတ်ပေးပါလိမ့်မယ်။
Motherboard ပေါ်ရှိ Processor Timer Chip သည် ထို Power Good Signal ကို
ရရှိမှသာလျှင် Processor reset လုပ်ထားခြင်းကို ရပ်ဆိုင်း လိုက်ပြီး
စတင်အလုပ်လုပ်စေပါလိမ့်မယ်။ ပုံမှန်အားဖြင့် power ဖွင့်ချိန်မှစပြီး power
good စတင်ထုတ်ပေးချိန် ထိ ၁ စက္ကန့်မှ ၅ စက္ကန့်အတွင်း ကြာမြင့်လေ့ရှိပါတယ်။

CMOS Setup
Computer
ထဲကို Hard Disk အသစ် တပ်ဆင်ပြီးတဲ့အခါ Auto Detect Hard Disk
လုပ်ပေးရပါတယ်။ Pentium III, P4 Computer တွေမှာ Auto Detect Hard Disk
အပိုင်းဟာ သီးသန့်လုပ်ဆောင်ပေးစရာ မလိုပါ။ CMOS Setup က တပ်ဆင်ထားတဲ့ Hard
Disk ကို Auto ရှာဖွေပြီး၊ Cylinder, Head, Sector တန်ဖိုးတွေကို
ဖြည့်ပေးပါတယ်။ Model နိမ့်တဲ့ PI, PII Computer တွေမှာတော့ Auto Detect
Hard Disk ကို မဖြစ်မနေ လုပ် ပေးဖို့ လိုအပ်ပါတယ်။

(၁) Computer ဖွင့်စ Post လုပ်နေတဲ့အချိန်မှာ Del Key ကိုနှိပ်ပြီး CMOS setup ထဲကို
ဝင်ရပါတယ်။
Press DEL to run Setup ဆိုပြီး
CMOS setup ထဲကို ၀င်ချင်ရင် Del Key ကိုနှိပ်ပြီး ၀င်ဖို့ ပြော နေတာကို
Monitor ရဲ့အောက်မှာ တွေ့နိုင်ပါတယ်။


(၂) Hard Disk
အသစ်တပ်ဆင်တိုင်း
Auto Detect Hard Disk လုပ်ရပါမယ်။ ယခု computer ဟာ P4 ဖြစ်တဲ့ အတွက် Auto
Detect ကို သီးသန့်လုပ်ဖို့ မလိုအပ်ပါ။

(၃) Auto Detect လုပ်ပြီးတဲ့အခါ Advanced BIOS Feature Setup ထဲကို ၀င်လိုက်ရပါတယ်။

BIOS
အတွက် အရေးကြီးသောသီးခြား ရွေးချယ်မှု Navigation Options များမှာ-
- အပေါ်၊ အောက် Highlight Scroll ရွေးချယ်မှု ပြုလုပ်ရန်အတွက် UP and Down Arrow Key များကို နှိပ်၍ ရွေးချယ်ခြင်း၊ (သို့မဟုတ်)
Page Up or
Page Down Key ကို နှိပ်ခြင်း။
- Select လုပ်ထားသော Option ကို ၀င်ရောက်ရန်အတွက် Enter Key ကို နှိပ်ခြင်းဖြင့်
ရွေးချယ်ခြင်း။
- ပြန်ထွက်ရန်အတွက် Esc Key ကို နှိပ်ခြင်းဖြင့် ရွေးချယ်ခြင်း။
- Save လုပ်ပြီးပြန်ထွက်ရန်အတွက် F10
Key ကို ရွေးချယ်ခြင်း စသည်ဖြင့် ၀င်ရောက်နိုင်ပါတယ်။

(အပိုင်း ၂) ဆက်လက်ဖတ်ပါ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...