K-Star အဖွဲ့ရဲ့ နီးချင်ပြီ အမည်ရတဲ့
ဗမာသီချင်းခွေ တစ်ခွေဖြစ်ပါတယ်။ ဘန်ကောက်ရောက် ပအိုဝ်းလူငယ်များ
ပါဝင်သီဆိုထားတယ်လို့ သိရပါတယ်။ ပါဝင်သီဆိုကြတဲ့ အဆိုတော်တွေကတော့ (K-မင်းသစ်၊ K-စိုးလေး၊ K-၀င်းနိုင်ထွန်း၊ K-သားငယ်နဲ့ နန်းမိုးမိုးစံ)တို့မှ
ပါဝင်သီဆိုထားပြီးတော့ ရတနာမြိုင် တေးသံသွင်းကနေ တစ်ဆင့်ထုတ်ဝေ
ဖြန့်ချီလိုက်ပြီလို့လည်း သိရပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ပအိုဝ်းလူမျိုး
လူငယ်တွေ ပါဝင်သီဆိုထားတဲ့အတွက် အားလုံး ၀ိုင်းဝန်း အားပေးစေချင်ပါတယ်။
အဲဒီအတွက် ၀ယ်ယူအားပေးဖို့ ပြည်တွင်းမှာရော၊ ပြည်ပရောက်
ပအိုဝ်းညီအစ်ကိုများကို တိုက်တွန်းရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့တတွေ
သူတို့တွေရဲ့ ပရိတ်သတ်အနေနဲ့ အဲဒီလို ၀ယ်ယူအားပေးနေမှ
အောင်မြင်နေတဲ့သူတွေလို့ ပြောလို့ရတဲ့ ကျွန်တော်တို့ ပအိုဝ်းလူမျိုး
အနုပညာရှင်တွေရဲ့ လုပ်ငန်းတွေ ဆက်လက်ပြီး အောင်မြင်အောင်
လုပ်ဆောင်နိုင်မယ်လို့ ထင်ပါတယ်။
စင်္ကာပူနိုင်ငံရောက်
ပအိုဝ်းလူငယ်တစ်ယောက်ရဲ့ ပြောပြချက်အရ.. စင်္ကာပူကို အခွေ(၃၀)ပို့တာ
တစ်ရက်တည်းနဲ့ ကုန်လုနီးပါး အရောင်းသွက်ခဲ့တယ်လို့ သိရပါတယ်။ စင်္ကာပူရောက် ပအိုဝ်းညီအစ်ကိုများ အနေနဲ့ ၀ယ်ယူအားပေးရန်အတွက် (ခွန်တမောင်; – +65 9614 6074)သို့ ဆက်သွယ်မေးမြန်း ၀ယ်ယူနိုင်ပါကြောင်းလည်း သိရပါတယ်။
ထိုင်းနိုင်ငံမှာလည်း
ဝယ်ယူရရှိနိုင်တယ်လို့လည်း ဆိုပါတယ်။ ၀ယ်ယူရန်အတွက်
ဖော်ပြပါဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါကြောင်း ညီလေးတစ်ယောက်ထံမှ
ကြားသိရပါတယ်။ ဆက်သွယ်ဝယ်ယူရန် +66816586333 ဆက်သွယ်ပါ… ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့။
ကဲဗျာ ပြည်တွင်းက ညီအစ်ကိုများ
အပြေးအလွှားသာ အားပေးကြပေတော့ဗျာ။ ကျွန်တော်တို့ Pa-Oh MP3 မှာတော့
အခွေတွေရောင်းပြီးလို့ အချိန်အတော် ကြာကြာမှာမှ တင်ပေးဖို့ စီစဉ်ထားပါတယ်။
အခုတင်လိုက်ရင် အခွေမူပိုင်ရှင်များကို မငဲ့ညှာရာရာက်မှာဖြစ်တဲ့
အတွက်ကြောင့်ပါဗျာ။ ဒီသီချင်းခွေကို တောင်းဆိုနေကြတဲ့ သူငယ်ချင်းတွေအတွက်
ဝယ်ယူအားပေးကြပါလို့ တိုက်တွန်းပါတယ်ဗျာ။ သို့မဟုတ် အချိန်ကာလ အတိုင်းအတာ
တစ်ခုအထိ စောင့်မျှော်နိုင်ပါတယ်ဗျာ။ အမြည်းအစမ်းအနေနဲ့တော့ တစ်ပုဒ်
နှစ်ပုဒ်တင်ပေးလိုက်ပါပြီ။
VCD Version အမြည်းကိုတော့ (YouTubeChannel) မှာတင်ထားပေးပါတယ်။

(၁) နီးချင်ပြီ – K-မင်းသစ်
(၂) ဝေးရတော့မယ် – နန်းမိုးမိုးစံ
from: PA-OH MP3
1 comments:
Test comments
Post a Comment