မင်္ဂလာပါ။ ..... ::: IT-PAOH Group ::: >> it-paoh.blogspot.com မှ ကြိုဆိုပါဧ။် .... itwinmaung@gmail.com သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။........ အကြံပေးလိုသည်များ ရှိပါက pndomember@gmail.com သို့ ပေးပို့နိုင်ပါသည်။.............. လာရောက်လည်ပတ်သူများ အထူးကျေးဇူးတင်လျက်ရှိပါသည်။

USB Memory Stick ထဲက ဖိုင်တွေကို ဖျက်မရ၊ ကော်ပီ လုပ်မရဘူးဆိုရင်...

KHAM TAN (IT-PAOH) 2:24:00 PM | , ,

ကွန်ပျူတာထဲကို ဗိုင်းရပ်စ်တွေ ကိုက်သွားတဲ့အခါ။ ဒါမှမဟုတ် ကိုယ့် Memory Stick ကို အခြားစက်မှာ ထိုးမိပြီး မိမိစက်ကို ပြန်ထိုးလိုက်တဲ့အခါ လျှို့ဝှက် Script တစ်ခုက မိမိကွန်ပျူတာထဲကို လျှို့ဝှက် ၀င်ရောက်သွားပါတယ်။ အဲဒီ Script က ဗိုင်းရပ်စ်လဲ မဟုတ်ပြန်ပါဘူး။ သူက Autorun ကနေတဆင့် ၀င်ရောက်သွားတာပါ။ ဘာဘဲဖြစ်ဖြစ် အခြားသော အကြောင်းအမျိုးမျိုးကြောင့် USB Memory Stick ထဲကဖိုင်တွေကို ကော်ပီလုပ်မရ ဖျက်မရတော့ဘဲ Write Protect ဆိုတဲ့ Error ဖြစ်ပေါ်လာရပါတယ်။ အဲဒီလိုဖြစ်လာပြီဆိုရင် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိအောင် ဖြစ်ရတော့တာပါဘဲ။ ကိုယ်တိုင်လဲ ကြုံခဲ့ရဘူး ပါတယ်။ ဒါကြောင့် လွယ်လွယ်ကူကူနဲ့ ဖြေရှင်းနည်းလေးကို ရေးပြပေးလိုက်ရပါတယ်။

HKEY_LOCAL_MACHINE>>System>>CurrentControlSet>>Control>>StorageDevicePolicies ထိရောက်အောင် အဆင့်ဆင့်သွားပါ။ ရောက်ရင် ညာဘက်အခြမ်းမှာ WriteProtect ဆိုတဲ့ အပြာရောင် ဖိုင်လေးပထမဆုံး Start>Run(box) မှာ regedit လို့ ရိုက်ထည့်ပါ။ Registry Editor ပေါ်လာပါမယ်။ အဲဒီထဲမှာ တဖိုင်ကို နှစ်ချက်ကလစ်ပြီးရင် Value Data ‘1’ ဆိုတာကို ‘0’ လို့ပြန်ပြောင်းပေးလိုက်ပါ။ ပြီးရင် Registry Editor မှ အပြီးထွက်ပြီး ကွန်ပျူတာကို Restart ချလိုက်ပါ။ ပြီးရင် ပြန်စမ်းကြည့်ပါ။ Write Protect ဆိုတဲ့ Error မပေါ်တော့ပါ/Memory Stick ပျက်စီးနေပြီဆိုရင်တော့ အထက်ပါနည်းလဲ အသုံးမ၀င်တော့ပါ။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...