မင်္ဂလာပါ။ ..... ::: IT-PAOH Group ::: >> it-paoh.blogspot.com မှ ကြိုဆိုပါဧ။် .... itwinmaung@gmail.com သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။........ အကြံပေးလိုသည်များ ရှိပါက pndomember@gmail.com သို့ ပေးပို့နိုင်ပါသည်။.............. လာရောက်လည်ပတ်သူများ အထူးကျေးဇူးတင်လျက်ရှိပါသည်။

ချစ်ခြင်းအတွက် ----

KHAM TAN (IT-PAOH) 1:18:00 PM |


မေ့နေခဲ့တာမဟုတ်ပါဘူး ----

အချိန်ကာလ ကြီးကသာ---တဖြည်းဖြည်းရွေ့နေခဲ့တာပါ

တဖြည်းဖြည်းအသက်တွေကြီးရင့်လာတဲ့အခါ

ကိုယ့်သဏ္ဍာန်ကိုယ်-- မပီသတော့သလိုမျိုး

ခင်ဗျားကို ---- တိုးတိုးပြီး စိုးမိုးနေမိခဲ့


လူတွေကလည်းခက်တယ် ----

ရေဒီယိုအသံကြားလည်း လက်ခုပ်ထတီးကြတယ်

ရုပ်မြင်သံကြားမြင်လည်း လုပ်ခုပ်ထတီးကြတယ်

ခွေးနှစ်ကောင်ကိုက်လည်း လက်ခုပ်ထတီးကြတယ်

ဟုတ်တယ် ----

မရှိခြင်းထက်--- မသိခြင်းကပိုခက်တယ်ဆိုပါစို့

ကျွန်တော်ကတော့--- ခင်ဗျားကို -- အသိရှိရှိနဲ့

မြတ်နိုးနေခဲ့တဲ့ကောင်ပါ


မေ့ပစ်လိုက်စမ်းပါ

လူတွေကြုံတွေ့ရလေ့ရှိတဲ့ ခင်ဗျားဘ၀ရဲ့ လောကဓံတွေကို

ရှေ့မှာ မြူတွေ ပြယ်တော့မဲ့ ကောင်းကင်ပြင်---

ကြယ်ကလေးတွေလည်း --- မှိတ်တခါလင်းတလှည့်

ခင်ဗျားရဲ့ အနုပညာဆန်မှုကို ဦးညွှတ်နေကြ

 
မှေးစက်လှည့်ပါ

ဒီကောင့်ရင်ခွင်နွေးနွေးမှာ ပကာသန မပါပေမယ့်

ဗလာမကတဲ့ ချစ်ခြင်းအနန္တတွေရှိပါတယ်

အရာရာမှာ--- ပန်းတွေပွင့်စေချင်ခဲ့သူတစ်ယောက်မို့

ချစ်သူ----

ချစ်ခြင်းအတွက်----

အပြစ်ကင်းစေကွယ် ------

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...