မင်္ဂလာပါ။ ..... ::: IT-PAOH Group ::: >> it-paoh.blogspot.com မှ ကြိုဆိုပါဧ။် .... itwinmaung@gmail.com သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။........ အကြံပေးလိုသည်များ ရှိပါက pndomember@gmail.com သို့ ပေးပို့နိုင်ပါသည်။.............. လာရောက်လည်ပတ်သူများ အထူးကျေးဇူးတင်လျက်ရှိပါသည်။

သာယာတယ်ဆိုတာ လှမ်းခဲ့ပါ

သာယာ လှပ တယ်ဆိုတာ သိအောင် လှမ်းခဲ့ပါ ရာသီမရွေးအမြဲစိမ်းလန်းနေဆဲပါ ..................................

လှပတဲ့ ဒို့ရွာလေးပါ

သာယာ လှပတဲ့ ဒို့ရွာလေးကို လှမ်းခဲ့ကြပါ အမြဲစိမ်းလန်းနေတဲ့ (ထမ်းဆန်း) Near Tum Sang Cave ..................................

တချိန်တုန်းက IT-PAOH Team

ပန်ခမ်းရွာ မူးယစ်ဆေးဝါတိုက်ဖြတ်ရေးနေ့တွင် IT-PAOH Team မှ ပါဝင်ခဲ့သည် ..................................

ပအိုဝ်းမောင်မယ်များ

by: IT-PAOH ..................................

COMPUTER SHOP

by : IT-PAOH .................................

ကလေးချင်းတူ ဘဝချင်းမတူ

by : IT-PAOH ..................................

သာယာလှပတဲ့ ဒို့ဌာနေ

by : IT-PAOH ..................................

သာယာလှပတဲ့ ဒို့ဌာနေ

by : IT-PAOH ..................................

အလည်တစ်ခေါက်

အဝေးရောက် နေသောသူငယ်ချင်းများနှင့် အမှတ်တရ .......................

အလည်တစ်ခေါက်ပြန်ရောက်ဖြစ်တာ

၂၀၁၂ ခုနှစ် အလည်တစ်ခေါက်ပြန်ရောက်ခဲ့ရတာ ရန်ကုန်မြို့

Driver Icon တွေကို Software မသုံးဘဲ ချိန်းနည်း

KHAM TAN (IT-PAOH) 2:55:00 PM |

ကျတော်တို့ မိမိစက်ထဲမှာ ရှိတဲ့ Drive တွေကို မိမိကြိုက်တဲ့ Icon လေးတွေ ပြောင်းချင်သူများ အတွက် Software မသုံးဘဲ ပြောင်းလို့ရတဲ့ နည်းလေးကို ဝေမျှလိုက်ပါတယ်။ အခုလို နည်းလေးကို တင်ပြပေးရတာကလဲ မေးလာလို့ပါ။ နောင်တော် ညီတော်များရဲ့ ဆိုဒ်များမှ ရေးပြီးလောက်ပြီလို့ ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ကို လာမေးတဲ့ သူငယ်ချင်းလိုဘဲ မသိသေးတဲ့ သူငယ်ချင်းများ ကျွန်တော်ဆိုဒ်ကို ပုံမှန်အားပေးနေသော သူငယ်ချင်းများ မသိခဲ့ရင် Software မလိုဘဲ သုံးလို့ရအောင်ပါ။ ကျေးဇူးတင်ပါတယ်။ ( Windows XP, Vista , Windows 7 အားလုံး အလုပ်လုပ်သည်။)
လုပ်နည်း
1. Start >> Run >> Notepad လို့ရိုက်ပြီ Enter ခေါက်ပါ။
2. Notepad ထဲမှာ အောက်က စာကြောင်းလေး နှစ်ကြောင်းကို ရေးရပါမည်။ ကျွန်တော် အနီရောင်နဲ့ ပြထားတဲ့ နေရာမှာ မိမိကြိုက်နှစ်သက်ရာ icon ပုံရဲ့ Name ကိုပြောင်းလဲပေးရပါမည်။ ပြီးရင် Autorun.inf လို့ Save လိုက်ပါ။

[autorun]
ICON=D.ICO



3. ပြီရင် မိမိ Files Names ထည့်ခဲ့တဲ့ ပုံကို မိမိပြောင်းစေချင်တဲ့ Drives ထဲမှာ ထည့်ထားလိုက်ပါ။ တနည်းအားဖြင့် Notepad နဲ့ ဖန်းတီခဲ့တဲ့ ဖိုင်လေးရယ် မိမိပြောင်းချင်တဲ့ ပုံလေးရယ်ကို မိမိပြောင်းချင်တဲ့ Drives ထဲမှာ Saves လိုက်ပါ။



4. အားလုံးပြီးတာနဲ့ Restart ချလိုက်ပါ။ အောက်ပါအတိုင်း ပြောင်းသွားတာကို တွေ့ရပါမည်။


မိုးထက်မြင့်(နည်းပညာ)

Read More

Core i3,Core i5,Core i7 ကွာခြားချက်များ

KHAM TAN (IT-PAOH) 2:34:00 PM |

ကျွန်တော်တို့ဆိုဒ်မှာ အများအားဖြင့် ကွန်ပျူတာနဲ့ ပက်သက်ရင် အခြေခံနဲ့ ဆိုင်တဲ့အကြောင်းအရာ၊ ၀င်းဒိုးနဲ့ဆိုင်တဲ့ အကြောင်းအ၇ာလေးတွေပဲ အများအားဖြင့် တင်လေ့ရှိပါတယ်။ အခုလည်း ကျတော်ပြန်လည် ဝေမျှလိုတာကတော့ Hard ware နဲ့ဆိုင်တဲ့ အကြောင်းအရာ သိသင့်တာလေးတွေကို အခြေခံကျကျ ရေးသားရှင်းပြထားပေးတဲ့ အကြောင်းအရာလေးတွေကို ကျတော်ဖတ်မိသလို ကျတော့်ဆိုဒ်ကို လာလည်တဲ့ သူငယ်ချင်းများလည်း လေ့လာမှတ်သားလို့ရအောင် တစ်ဆင့်ပြန်လည် ဝေမျှခြင်းဖြစ်ပါတယ်။ ဘယ်အရာမဆို အခြေခံခိုင်ခိုင်မာမာရှိမှ အောက်ခြေခိုင်ခံ့မှ တစ်ဆင့်ပီးတစ်ဆင့် တက်တဲ့အခါ အစစအရာရာ အဆင်ပြေမှာဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သဘောကျနှစ်သက်မိလို့ မှတ်စုအနေနဲ့ရော တစ်ဆင့်ပြန်လည် ဝေမျှလိုတဲ့ သဘောနဲ့ပါ တင်ပေးလိုက်ပါတယ်။ သိပြီးသား ကျွမ်းကျင်ပီးသား သူများအတွက် လုံးဝမရည်ရွယ်ပဲ မူကြိုအဆင့်များကိုသာ ရည်ရွယ်ပါသည်။ ဘာကြောင့်လဲဆိုတော့ ကျတော်လည်း မူကြိုအဆင့်မှ မတက်နိုင်သေးသောကြောင့်ပါ....:D
Core i3 , core i5 , core i7 အကြောင်းမပြောခင် core i series ထဲမှာ ပါဝင်တဲ့ သုံးထားတဲ့ နည်းပညာ အသုံး အနှုန်းနဲ့  Architecture , code name တွေ အရင်ပြောပြပါ့မယ် ဘာကြောင့်လဲဆိုတော့ အဲဒါကို သိထားပါမှ ကွဲပြားမှုလေးတွေ ပိုမိုပေါ်လွင်မှာဖြစ်ပါတယ်….
Core i series Architecture
Core i series မှာ Nehalem Architecture နဲ့  Sandy bridge Architecture ဆိုပြီးရှိပါတယ်.. ပထမဆုံး စထုတ်တာ Nehalem Architecture ကို base လုပ်ပြီး ထုတ်လုပ်ပါတယ်…Sandy bridge Architecture ကိုတော့ 2011 အစောပိုင်းကာလမှာ စပြီးထုတ်ခဲ့ပါတယ်..

Core i series code name
Core i series code name များမှာ
1.Gulftown,
2.Bloomfield,
3.Lynnfield,
4.Clarkfield,
5.Clarkdale,
6.Arrandale,
7.Sandy bridge(Desktop),
8.Sandy bridge(moblile) တို့ဖြစ်ကြပါတယ်။
Core i series code name အုပ်စုမှာ Nehalem Architecture ကိုအခြေခံတည်ဆောက်ထားတဲ့ code name တွေကတော့ Gulftown,Bloomfield, Lynnfield, Clarkfield,Clarkdale နဲ့ Arrandale တို့ဖြစ်ကြပါတယ်။ Sandy bridge Architecture ကိုအခြေခံတည်ဆောက်ထားတဲ့ code name တွေကတော့ sandy bridge(Desktop) နဲ့ sandy bridge(mobile) တွေဖြစ်ပါတယ်..

Core i series processor မှာ ဘာတွေထူးခြားပြီး ကွာသွားမှာလဲ
Core i series မှာ အောက်ပါအချက်များကွာခြားသွားပါတယ်
1.core အရေ အတွက်ပါဝင်မှု
2.Thread အရေအတွက်
3.Cache ပါဝင်မှု ပမာဏ
4. Turbo Boost Technology
5. Smart Cache
6. QPI
7.Hyper-threading technology

1.Core အရေအတွက်
Core ဆိုတာ တွက်ချက်မှူ real processing unit တစ်ခုဖြစ်ပြီး chip တစ်ခုပေါ်မှာ တည်ဆောက်ထားပါတယ် အဲဒီ core က နှစ်လုံး လေးလုံး စသဖြင့်ပါဝင်ပါတယ်..
2.Thread အရေအတွက်
Thread ဆိုတာ processor ကို instruction ပေးပို့ ရာမှာ လမ်းကြောင်း 1ခု 2ခု 4ခု 8ခု စသဖြင့်ရှိပါတယ် 2ခုနဲ့ 2ခုအထက်ကို multi-thread လို့ ခေါ်ပါတယ်..
3.Cache ပါဝင်မှု ပမာဏ
Cache ပါဝင်မှုပမာဏ အနည်းများပေါ်မူတည်ပြီး ပိုပြီးမြန်သလို cache ပမာဏများတဲ့ processor ကပိုပြီးတော့ဈေးကြီးပါတယ်..(2MB,4MB,6MB,8MB..စသဖြင့်)
4. Turbo Boost Technology
Turbo Boost ဆိုတာ လိုအပ်တဲ့ အချိန်မှာ core တစ်လုံး နဲ့ တစ်လုံး ပေါင်းစည်းလုပ်ဆောင်ပေးပါတယ်.. process တစ်ခုကို core တစ်လုံးတည်းနဲ့ လုပ်ဆောင်နိုင်ပါက core တစ်လုံးတည်းနဲ့ သာ လုပ်ဆောင်ပြီး core တစ်လုံးတည်းနဲ့ လုပ်ဆောင်ရန်မလုံလောက်တဲ့အခါ core တွေ အချင်းချင်းချိတ်ဆက်လုပ်ဆောင်တဲ့ နည်းပညာဖြစ်ပါတယ်..
5. Smart Cache
Smart cache ဆိုတာ core ထဲမှာ ပါတဲ့ cache တွေဟာ လိုအပ်တဲ့အခါမှာ အချင်းချင်း ပေါင်းစည်း လုပ်ဆောင်တဲ့ နည်းပညာဖြစ်ပါတယ်..
6. QPI (Quick Parth Interconnect)
QPI ဆိုတာ processor နဲ့ north bridge ကြားမှာ high speed transfer လုပ်ဆောင်ပါတယ်.. north bridge ကို အရင်ကလို motherboard ပေါ်မှာ chip တစ်ခုအနေနဲ့  သီးသန့် ထုတ်မ ထား တော့ပဲ CPU ထဲကို ဆွဲသွင်း လိုက်ပါတယ်..ဒါကြောင့် point to point ချိတ်ဆက်ပြီး လုပ်ဆောင် နိုင်တယ်..ယခင် FSB နေရာမှာ အစားထိုး ၀င်ရောက်လာပြီး QPI ဖြစ်သွားပါတယ်..cpu အတွင်းမှာ north bridge နဲ့  cpu တို့ ချိတ်ဆက်တဲ့ လမ်းကြောင်း ကို Common Serial Interconnect(CSI) bus လို့ ခေါ်ပါတယ်..
7.Hyper-threading technology
Hyper-threading ဆိုတာ processor တစ်လုံးထဲကမှ အချိန်တစ်ခုထဲမှာပင်လျင် thread နစ်ခုကို တစ်ပြိုင်နက်ထဲ တာဝန်ထမ်းဆောင်နိုင်ပါတယ် ဒီနေရာမှာ Thread ဆိုတာ processor ဟာProgram တစ်ခုမှ လာတဲ့ instruction တစ်ခုလုပ် ဆောင်မှုကို thread တစ်ခုလို့ သတ်မှတ်ပါတယ်…Thread ဟာ 2ခု 4ခု 8ခု စသဖြင့်ဖြစ်နိုင်ပါတယ်..HT ပါတဲ့  processor ဟာ architecture state ကို copyer လုပ်ပြီး logically အရ Processor နှစ်လုံးဖြစ်အောင် ဖန်တီးထားခြင်းပါ..နဂို physical မှာရှိနေတဲ့  cache , execution unit, control unit ,buses စတဲ့  resourses တွေကိုမျှဝေသုံးစွဲခြင်းပါပဲ…သာမန် processor တစ်လုံးနဲ့ စာရင် HT processor အလုပ်လုပ်တာ 30%လောက်ပိုပြီးတော့မြန်ပါတယ်...
Nehalem microarchitecture based
Core i3
ပထမဆုံး Nehalem ကထုတ်တဲ့ core i3 ကို 2010 ခုနှစ် ဇန်န၀ါရီလ မှာ စတင် သုံးစွဲခဲ့ကြပါတယ်..Desktop processor မှာ ရော laptop mobile processor အတွက်ပါ ထုတ်လုပ်ခဲ့ပါတယ်..

Core i5
Nehalem ကိုပဲ base လုပ်ထားတဲ့ core i5 ကို စက်တင်ဘာလ ၈ ရက် ၂၀၀၉ ခုနှစ်မှာ စတင်သုံးစွဲခဲ့ကြပါတယ်..
Core i 7
Nehalem ကိုပဲ base လုပ်ထားတဲ့ corei7 ကို ၂၀၀၈ ခုနှစ်ကုန်ပိုင်းလောက်မှာ စတင်သုံးစွဲခဲ့ကြပါတယ်..အဲတုန်းက စစချင်းထုတ်တုန်းက Bloomfield ကိုစထုတ်ခဲ့ပါတယ်..2009 ခုနှစ်မှာ Lynnfield, clarkfield, Arrandale တို့ကိုထုတ်ပါတယ် 2010 ခုနှစ်မှာတော့ Gulftown ကိုထုတ်လုပ်ပါတယ်..ဒါတွေက Nehalem architecture ကိုအခြေခံထား တဲ့ မျိုးကွဲ code name နဲ့ ထုတ်လုပ်ထားတဲ့ processor series တွေဖြစ်ပါတယ်..
Sandy Bridge microarchitecture based
Core i3
Sandy bridge microarchitecture မှာဆိုရင် code name တွေက sandy bridge(Desktop) နဲ့  sandy bridge(Mobile) ဆိုပြီးလာပါတယ်..sandy bridge ကိုအခြေခံထားတဲ့ core i3 ကို ၂၀၁၁ ဇန်န၀ါရီလ ၂၀ ရက်နေ့ မှာ စတင်သုံးစွဲနိုင်ခဲ့ပါတယ်..
Core i5
ယခုလက်ရှိထုတ်နေဆဲကာလမှာတော့ အောက်ပါ အတိုင်း sandy bridge core i5 series တွေကို တွေ့ ရ မှာဖြစ်ပါတယ်..
Core i7
ယခုလက်ရှိထုတ်နေဆဲကာလမှာတော့ အောက်ပါ အတိုင်း sandy bridge core i7 series တွေကို တွေ့  ရမှာဖြစ်ပါတယ်..
အခု ဖော်ပြခဲ့တဲ့အထဲမှာ တစ်ခြားမျိုးကွဲတွေလည်း ရှိကောင်းရှိပါလိမ့်မယ်..core i series processor တစ်လုံးနဲ့တစ်လုံး ဘာကွာလဲလို့မေးလာရင် တစ်ခုတည်းဖြေလို့ မရတော့ပါဘူး ဒါကြောင့်သူ့ မှာပါတဲ့အမျိုးအစား..အထဲမှာ လုပ်ဆောင်နိုင်တဲ့စွမ်းရည် ပါဝင်မှုတွေကို အထက်တွင်ဖော်ပြ ဆွေးနွေးခဲ့ပြီြး ဖစ်ပါတယ်ခင်ဗျာ..Architecture တစ်ခုတည်းအောက်မှာ ပင်လျင် code name တွေခွဲပြီးတော့ ထုတ်ထားတာ ကိုတွေ့မြင်ခဲ့ရပြီး ဖြစ်ပါလိမ့်မယ်..ညီအစ်ကို မောင်နှများအားလုံး knowledge ရကြပါစေခင်ဗျာ..
ကိုစံငြိမ်း(မြန်မာမိသားစုဖိုရမ်)   
Read More

ပအိုဝ်းအမျိုးသားနေ့ ဆိုသည့် ဝေါဟာရ ပေါ်ပေါက်လာပုံ

KHAM TAN (IT-PAOH) 2:32:00 PM |

မြန်မာနိုင်ငံတွင် ဌာနေတိုင်းရင်းသားများအနက် ပအိုဝ်းတိုင်းရင်းသားသည် နှစ်စဉ်တပေါင်းလပြည့်နေ့တွင် ပအိုဝ်းအမျိုးသားနေ့အဖြစ် ကျင်းပကြသည်။ တပေါင်းလပြည့်နေ့ကို ပအိုဝ်းအမျိုးသားနေ့ အဖြစ် သတ်မှတ်ခြင်းနှင့် ပအိုဝ်းအမျိုးသားနေ့ ဆိုသည့်ဝေါဟာရက ဘယ်လိုစတင်ပေါ်ပေါက်လာသည် ကို မေးခွန်းထုတ်စရာဖြစ် လာပါသည်။

 မဟာသက္ကရာဇ် (၂)ခု (ခရစ်သက္ကရာဇ်မပေါ်မီ ဘီစီ ၆၉၀)တွင် သုဝဏ္ဏဘုမ္မိသထုံပြည့်ရှင် သက္ကရာဇာမင်းနှင့် မိဖုရား ဘဒ္ဒကလျာဒေ၀ီတို့မှ သားတော်တပါးဖွာမြင်ခဲ့သည်။ ထိုသားတော်သည် တပေါင်းလပြည့်နေ့တွင် နေတွက်လ၀င်အချိန်၌ ဖွားမြင်သောကြောင့် သူရိယစန္ဒာ ဟု အမည်ပေးခဲ့သည်။ သူရိယစန္ဒာသည် သက်တော် ၂၄ နှစ်တွင် ဖခမည်းတော် ထီးနန်းအပ်ပြီး နန်းစံချိန် ၁၀ နှစ်တွင် ဖခမည်းတော် သက္ကရာဇာမင်းက နတ်ရွာစံလေသည်။ ဗုဒ္ဓဂေါတမ မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၁၁ ခု သီတင်းကျွတ်လတွင် သူရိယစန္ဒာမင်းအုပ်စိုးသည့် သုဝဏ္ဏဘုမ္မိသထုံပြည်သို့ ပထမအကြိမ် ကြွရောက်လာခဲ့သည်။ ထိုနှစ်အတွင်း သူရိယစန္ဒာမင်း၏ မွေးနေ့ဖြစ်သော တပေါင်းလပြည့် ၌ ရွှေဆံရီစေတီတော်ကို စတင်အုတ်မြစ်ချ တည်ဆောက်ခဲ့သည်။ ထိုနှစ်မှစ၍ ပအိုဝ်းလူမျိုးတို့သည် ဗုဒ္ဓဓမ္မ တရားရေစက်ကို စတင်ကြားနာရရှိပြီး ဗုဒ္စဘာသာကို စတင်ကြည်ညိုကြသည်။ သူရိယစန္ဒာမင်း လက်ထက်တွင် ဗုဒ္ဓဂေါတမမြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၂၀ တွင် ဒုတိယအကြိမ် အဖြစ်လည်းကောင်း၊ မဟာသက္ကရာဇ် ၁၂၈ တွင် တတိယအကြိမ်အဖြစ်လည်းကောင်း သထုံပြည်သို့ ကြွလာခဲ့သည်။

 သူရိယစန္ဒာမင်းလက်ထက်မှ စ၍ ပအိုဝ်းလူမျိုးတို့သည် နှစ်စဉ်တပေါင်းလပြည့်နေ့တွင် ရွှေဆံရံစေတီ ရှိရာသို့ သွားရောက်ပြီး ကောက်သစ်ပူဇော်ခြင်း၊ ဆွမ်းကပ်ခြင်း၊ ငါးပါးသီလခံယူခြင်း စသည့်ပွဲတော်များကို နှစ်စဉ်ပြုလုပ်ကြသည်။ ထိုသို့ပြုလုပ်ရာမှ ၁၉၄၇ ခု မတ်လတွင် ဖဆပလ၏ မြေယာခွဲဝေရေး ပေါ်လာစီကို စမ်းသပ်သည့်အနေဖြင့် သထုံဒေသရှိ လယ်ယာမြေအမြောက်အများကို သိမ်းယူခဲ့သည်။ ထိုကြောင့် သထုံဒေသရှိ ပအိုဝ်းလယ်သမား ၁၀၀၀၀ (တစ်သောင်း)ကျော်က သထုံမြို့ရှိ ဖဆပလ ကော်မရှာနာရုံးသို့ ချီတက်ဆန္ဒပြခဲ့ကြသည်။ ထိုဆန္ဒပြပွဲသည် အောက်ပါ အဆို (၃)ရပ်ကို တောင်းဆိုခဲ့သည်။
  1. ပအိုဝ်းလူမျိုးကို တောင်သူဟု ခေါ်ဆိုရေးသားခြင်း မပြုဘဲ ပအိုဝ်းဟုသာ ခေါ်ဆိုရေးသားရန်။
  2. မြေယာခွဲဝေရေး ပေါ်လာစီကို ပြန်လည်ရုပ်သိမ်းပေးရန်။ 
  3. ဗမာ့တပ်မတော်တွင် ပအိုဝ်းတပ်ရင်း (၂)ရင်း ထူထောင်ပေးရန် စသည်တို့ ဖြစ်သည်။ 
ထိုအဆို(၃)ရပ်ကို ပအိုဝ်းလူမျိုးကို နောက်နောင်တွင် တောင်သူဟု ရေးသားခေါ်ဆိုမှု မပြုရန် စသည့် ပထမအချက်ကိုသာ ဖဆပလ က လိုက်လျော်ပေးခဲ့သည်။ ထိုအချိန်မှ စ၍ သူရိယစန္ဒာမင်း၏ ဂုဏ်ကျေးဇူးကို အောင့်မေ့သည့်အနေဖြင့် ၎င်း၏ မွေးနေ့ဖြစ်သော တပေါင်းလပြည့်နေ့ တွင် မြန်မာပြည်အောက်ပိုင်းရှိ ပအိုဝ်းလူမျိုးများက ရွှေဆံရံစေတီရှိရာသို့ ချီတက်ပြီး ကောက်သစ်ပူဇော်ပွဲမှ ပအိုဝ်းအမျိုးသားနေ့အဖြစ်သို့ ပြောင်းလဲဆင်နွဲခဲ့ကြသည်။ ထိုအချိန်တွင် ရှမ်းပြည်နယ်ရှိ ပအိုဝ်းလူမျိုးများက ပဒေသရာဇ်စနစ်၏ အုပ်ချုပ်မှုအောက် ၀ပ်ဝပ်ပြားခံနေရကြောင့် ပအိုဝ်းအမျိုးသားနေ့ကို ကျင်းပမှု မပြုလုပ်ဝံကြပေ။

၁၉၅၉ တွင် ရှမ်းပြည်နယ်ရှိ ပဒေသရာဇ်စနစ် ကျင့်သုံးသည့် စော်ဘွားများက မိမိတို့အုပ်ချုပ်ရေးအာဏာကို ရှမ်းပြည်နယ်အစိုးရသို့ အပ်နှင်းခဲ့သည်။ သို့သော်လည်း ၁၉၆၀ တွင် ရှမ်းပြည်နယ်အတွင်းရှိ လူမျိုးစုအသီးသီးက လက်နက်စွဲကိုင်သည့်လမ်းစဉ်ကို ကျင့်သုံးပြီး တော်လှန်ရေးဆင်နွဲခဲ့သည်။ ထိုနောက် ပအိုဝ်းအမျိုးသားခေါင်းဆောင်များ ဖြစ်ကြသော သထုံဦးလှဖေ၊ ဗိုလ်ချုပ်ချန်ဇုံ၊ ဦးကျော်စိန်တို့က အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေ၀င်း၏ ဖမ်းဆီးထောင်ချခြင်းကို ခံခဲ့ရသည်။ ၁၉၆၆ တွင် ဗိုလ်ချုပ်စံသိန်းဦးဆောင်သော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (ပအလဖ)ကို ဒုတိယအကြိမ် ပြန်လည်ဖွဲ့စည်းပြီး တစ်နှစ်အကြာတွင် ပအလဖ အမည်ကို ရှမ်းပြည်နယ် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) အမည်သို့ ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ရလလဖသည် လူတန်းစားကို အခြေခံသည့် အဖွဲ့ဖြစ်၍ ၎င်းတို့အုပ်ချုပ်မှုအောက်တွင် ပအိုဝ်းအမျိုးသားနေ့ ကျင်းပနိုင်ရေးအတွက် အကောင်အထည်ဖော်ရန် အခွင့်မသာခဲ့ပေ။

 ပအိုဝ်းအမျိုးသားစိတ်ဓါတ်ပြင်းထန်သည့် ရလလဖ ခေါင်းဆောင်တချို့က ရလလဖမှ ခွဲထွက်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပီအဲန်အို) ကို ဖွဲ့စည်းခဲ့သည်။ ၁၉၇၆ တွင် ပီအဲန်အို၏ ပြုလုပ်သော ပထမအကြိမ်ညီလာခံတွင် တပေါင်းလပြည့်နေ့ကို ပအိုဝ်းအမျိုးသားနေ့အဖြစ် ဆုံးဖြတ်သတ်မှတ်ခဲ့သည်။ ထိုအချိန်မှစ၍ မြန်မာပြည်အနှံအပြားရှိ ပအိုဝ်းဒေသများတွင် နှစ်စဉ်တပေါင်းလပြည့်နေ့ကို ပအိုဝ်းအမျိုးသားနေ့အဖြစ် ကျင်းပလာကြသည်။ ထိုအပြင် တက္ကသိုလ်များရန်ကုန်နယ်မြေနှင့် မန္တလေးတက္ကသိုလ်နယ်မြေများပေါ်တွင် ပအိုဝ်းကျောင်းသားများက ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို ကျင်းပလာကြသည်။

၂၀၀၇ အတွင်း တောင်ကြီးမြို့တွင် ကျင်းပသည့် ပအိုဝ်းအမျိုးသားနေ့၏ နောက်ဆုံးရက်(၂၈၊ ၀၃၊ ၂၀၀၇) တွင် နိုင်ငံခြားအဲန်ဂျီအိုများ၊ ဒေသခံအာဏာပိုင်များ လာရောက်အားပေးမည်ဖြစ်၍ ပအိုဝ်းအမျိုးသားနေ့ စတိတ်စဉ်၏ နောက်ခံဆိုင်းဘုတ်ပေါ်တွင် ရေးသားထားသော Pa-Oh National Day ဆိုသည့်စလုံးကို ခွာထုတ်ခံခဲ့ရသည်။ ထိုနှစ်မှ စပြီး နှစ်စဉ်ကျရောက်သည့် တပေါင်းလပြည့်နေ့တွင် ပအိုဝ်းအမျိုးသားနေ့ စာလုံးအစား ပအိုဝ်းအမျိုးသားပွဲတော်အဖြစ် ရေးသားသည်ကို တွေ့ရသည်။ အသစ်တက်လာသည့် ဦးသိန်းစိန်အစိုးရလက်ထက်တွင် မွန်အမျိုးသားနေ့ကို ပြန်လည်ကျင်းပခွင့်ပေးသည့်နည်းတူ လာမည့်တပေါင်းလပြည့်နေ့ ပအိုဝ်းအမျိုးသားနေ့တွင် Pa-Oh National Day နှင့် ပအိုဝ်းအမျိုးသားနေ့ ဆိုသည့် စာလုံးကို စတိတ်စဉ်၏ နောက်ခံဆိုင်းဘုတ်ပေါ်တွင် ပြန်လည် ရေးသားခွင့် ရလိမ့်မည်ဟု မျှော်လင့်ပါသည်။

 ခွန်ချန်ကီ (မဲုင်းကောင်) 

ကျမ်းကိုး
  • ပြည်ထောင်စုထဲကပအိုဝ်း 
  • သထုံရွှေဆံရံဘုရားကြီးသမိုင်း ပထမတွဲ 
  •  သုဝဏ္ဏပကာသနီကျမ်း (ပအိုဝ်းဘာသာ) 
  • ၂၀၀၅ တွင် အသက်(၈၀)ကျော်ရှိ ကော့ကျိုက်ဇာတိ မွိုးဖြားဗွာ (ခ)ဒေါ်ဖြူ၏ ၎င်း၏ အပျိုပေါက်စဘ၀တွင် သထုံ၌ ပအိုဝ်းအမျိုးသားနေ့ သွားအားပေးသည့်ပုံ ပြန်ပြောပြချက်များ။ 
  •  PA-OH PEOPLE by Mika Rolly
Read More

အခမဲ့ မြန်မာပြည်TV လိုင်းကြည့်မလား။

KHAM TAN (IT-PAOH) 10:03:00 AM |

khantlayngal: TV အွန်းလိုင်း ဆိုဒ်လေးများရှိရင် ကူညီပါအုံးနော်


အကယ် တစ်ကမ္ဘာလုံးက Sports, music, news, movie, fun, Science, Cartoons, Networks, lifestyle, shopping စတဲ့ TV ထုတ်လွှင့်မှုတွေဘဲကြည့်မလား..ဒါမှမဟုတ် အမိမြန်မာပြည့်ကို အလွမ်းဖြေဖို့ Myanmar International, Myanmar Entertainment  မှာမြန်မာလိုပြောပြီး အင်္ဂလိပ်လိုစာတန်းထားတဲ့ မြန်မာ TV လိုင်းတွေ ဘဲကြည့်မလား.  GOD TV လဲပါပါတယ်.စုံလင်လှတဲ့ TVU player လေးနဲ့ မိတ်ဆက်ပြီး  တင်ပေးလိုက်ပါတယ် .. မြန်မာလိုင်းကိုအလွယ်တကူရှိချင်ရင် အပေါ်က search box မှာ myanmar လို့ရေးလိုက်တာနဲ့ မြန်မာပြည်ရဲ့ လိုင်းနှစ်လိုင်းကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်ဒီအပြင် Channels တွေအားလုံးအတွက် ဘယ်အချိန်မှာ ဘာလာမယ်ဆိုတာကို ကိုယ့်နိုင်ငံရဲ့အချိန်နဲ့ ကိုက်ပြီးဖော်ပြ ပေးထားပါတယ် ..အားလုံးအဆင်ပြေပျော်ရွှင်နိုင်ပါစေလို့မိတ်ဆက်ပေးလိုက်ပါတယ် .အခမဲ့ကြည့်ရမှာဖြစ်ပါတယ်....ပြီးတော့ Portable လေးဖြစ်ပါတယ်..install စရာမလိုဘဲ အေးအေးဆေးဆေးအသုံးပြုနိုင်ကြောင်းပါ။

by: SBSangpi(စံပီး)


DOWNLOAD TVU Player    (Downloads times 1454)

DOWNLOAD FROM IFILE.it
Read More

Microsoft Office Home and Student 2007

KHAM TAN (IT-PAOH) 9:58:00 AM |

                                                               

Microsoft Office 2007 လေးပါ။ Download ကတော့ trails version လေးပါ။ Serial Key လေးထည့် လိုက်ရင်တော့ Full version လေးသုံးလိုရသွားပါပြီ။ လိုအပ်သူများဒေါင်းလိုက်ပါ။
 
Microsoft Office 2007 Download trails


Serial Keys
WQ27D-PY77P-R9CQK-MCPPB-QGJYQ
HBC66-D6YR7-CRP7H-T8VP4-99PMW
KGFVY-7733B-8WCK9-KTG64-BC7D8
DMDTM-YG97D-DX2VR-D4XRW-36VD8
R3XDC-83DB3-H2H9R-YBCJB-V3K38
JH72H-68C8W-3P2BB-Q2QMR-H8RMJ
BVCJ2-6R8B3-789PF-2HWXP-6JK38
PVXGP-KCX87-THBWX-P87BP-24THW
HCM6H-7D4WF-GRF2F-J3PVT-QT6HW
Read More
KHAM TAN (IT-PAOH) 9:54:00 AM |



မေ့နေခဲ့တာမဟုတ်ပါဘူး ----

အချိန်ကာလ ကြီးကသာ---တဖြည်းဖြည်းရွေ့နေခဲ့တာပါ

တဖြည်းဖြည်းအသက်တွေကြီးရင့်လာတဲ့အခါ

ကိုယ့်သဏ္ဍာန်ကိုယ်-- မပီသတော့သလိုမျိုး

ခင်ဗျားကို ---- တိုးတိုးပြီး စိုးမိုးနေမိခဲ့


လူတွေကလည်းခက်တယ် ----

ရေဒီယိုအသံကြားလည်း လက်ခုပ်ထတီးကြတယ်

ရုပ်မြင်သံကြားမြင်လည်း လုပ်ခုပ်ထတီးကြတယ်

ခွေးနှစ်ကောင်ကိုက်လည်း လက်ခုပ်ထတီးကြတယ်

ဟုတ်တယ် ----

မရှိခြင်းထက်--- မသိခြင်းကပိုခက်တယ်ဆိုပါစို့

ကျွန်တော်ကတော့--- ခင်ဗျားကို -- အသိရှိရှိနဲ့

မြတ်နိုးနေခဲ့တဲ့ကောင်ပါ


မေ့ပစ်လိုက်စမ်းပါ

လူတွေကြုံတွေ့ရလေ့ရှိတဲ့ ခင်ဗျားဘ၀ရဲ့ လောကဓံတွေကို

ရှေ့မှာ မြူတွေ ပြယ်တော့မဲ့ ကောင်းကင်ပြင်---

ကြယ်ကလေးတွေလည်း --- မှိတ်တခါလင်းတလှည့်

ခင်ဗျားရဲ့ အနုပညာဆန်မှုကို ဦးညွှတ်နေကြ

 
မှေးစက်လှည့်ပါ

ဒီကောင့်ရင်ခွင်နွေးနွေးမှာ ပကာသန မပါပေမယ့်

ဗလာမကတဲ့ ချစ်ခြင်းအနန္တတွေရှိပါတယ်

အရာရာမှာ--- ပန်းတွေပွင့်စေချင်ခဲ့သူတစ်ယောက်မို့

ချစ်သူ----

ချစ်ခြင်းအတွက်----

အပြစ်ကင်းစေကွယ် ------
Read More

Adobe Indesign CS5 + Serial Key

KHAM TAN (IT-PAOH) 9:53:00 AM |

                                                             
 
Adobe Indesign ဆိုတာကတော့ Adobe pagemaker ကို version ထပ်မြှင့်လိုက်တဲ့ DTP software ပါ။ စာစီစာရိုက် ဒီဇိုင်းဆွဲ၊ ဖိတ်စာလုပ်၊ visiting card လုပ်လို့ရပါတယ်။ PageMaker မှာတုန်းက unicode အလုပ်မလုပ်ပါဘူး။ အခု Indesign မှာတော့ အလုပ်လုပ်ပါတယ်။ လိုအပ်သူများကတော့ ဒေါင်းလိုက်ပါ။

Serial Keys
 
1037-1195-1271-3957-3982-0484 1037-1716-7354-6157-5360-3380
 
1037-1659-4748-6163-9336-2844 1037-1246-0095-4578-6826-1801

1037-1737-1124-0638-4326-6496 1037-1157-7764-7245-3389-6035



  Adobe indesign CS5 Download
Read More

ချစ်ခြင်းအတွက် ----

KHAM TAN (IT-PAOH) 1:18:00 PM |


မေ့နေခဲ့တာမဟုတ်ပါဘူး ----

အချိန်ကာလ ကြီးကသာ---တဖြည်းဖြည်းရွေ့နေခဲ့တာပါ

တဖြည်းဖြည်းအသက်တွေကြီးရင့်လာတဲ့အခါ

ကိုယ့်သဏ္ဍာန်ကိုယ်-- မပီသတော့သလိုမျိုး

ခင်ဗျားကို ---- တိုးတိုးပြီး စိုးမိုးနေမိခဲ့


လူတွေကလည်းခက်တယ် ----

ရေဒီယိုအသံကြားလည်း လက်ခုပ်ထတီးကြတယ်

ရုပ်မြင်သံကြားမြင်လည်း လုပ်ခုပ်ထတီးကြတယ်

ခွေးနှစ်ကောင်ကိုက်လည်း လက်ခုပ်ထတီးကြတယ်

ဟုတ်တယ် ----

မရှိခြင်းထက်--- မသိခြင်းကပိုခက်တယ်ဆိုပါစို့

ကျွန်တော်ကတော့--- ခင်ဗျားကို -- အသိရှိရှိနဲ့

မြတ်နိုးနေခဲ့တဲ့ကောင်ပါ


မေ့ပစ်လိုက်စမ်းပါ

လူတွေကြုံတွေ့ရလေ့ရှိတဲ့ ခင်ဗျားဘ၀ရဲ့ လောကဓံတွေကို

ရှေ့မှာ မြူတွေ ပြယ်တော့မဲ့ ကောင်းကင်ပြင်---

ကြယ်ကလေးတွေလည်း --- မှိတ်တခါလင်းတလှည့်

ခင်ဗျားရဲ့ အနုပညာဆန်မှုကို ဦးညွှတ်နေကြ

 
မှေးစက်လှည့်ပါ

ဒီကောင့်ရင်ခွင်နွေးနွေးမှာ ပကာသန မပါပေမယ့်

ဗလာမကတဲ့ ချစ်ခြင်းအနန္တတွေရှိပါတယ်

အရာရာမှာ--- ပန်းတွေပွင့်စေချင်ခဲ့သူတစ်ယောက်မို့

ချစ်သူ----

ချစ်ခြင်းအတွက်----

အပြစ်ကင်းစေကွယ် ------
Read More

SopCast

KHAM TAN (IT-PAOH) 1:50:00 PM |

သင်၏ PC ပေါ်တွင် ပျော်စရာ TV အစီစဉ်လေးများ သတင်း(Live) အားကစား (Live)

သီချင်း Movies နှင့် အခြားအခြားသော Channel များအလွယ်တကူ

ပျော်ရွှင်ခံစားစေရန်အတွက် SopCast

 

SopCast

Hosted by MediaFire

File Size: 3.03 MB

Read More

Related Posts Plugin for WordPress, Blogger...