(၃) Boot Sequence ကို အောက်ပါအတိုင်း တွေ့ရပါတယ်။
အချို့သော
Boot Sequence များမှာ HDD-0 ဟာ Hard Disk ကို ကိုယ်စားပြုပါတယ်။ တစ်ခါတရံ
IDE-0 လို့လည်း ဖော်ပြတတ်ပါတယ်။
(၄) ပုံတွင်မြင်ရသည့်အတိုင်း 1st Boot Device = 1st FLOPPY DRIVE ပေါ်မှာ Highlight ထားပြီး၊ Floppy မှ
CD-ROM ကိုပြောင်းရန် Key (or) Key ကို နှိပ်ရ
ပါတယ်။ CD-ROM နှင့် Boot လုပ်၍ Windows တင်ရန်အတွက် First Boot Device
နေရာတွင် CD-ROM ဖြစ်စေရန် ပြောင်းထားပေးပါ။ Second Boot မှာ HDD-0
မဖြစ်မနေရှိနေဖို့ လိုအပ်ပါတယ်။ Windows XP ကို CD-ROM Drive ထဲထည့်ပြီး
CMOS Setup ထဲ မှာ Boot Sequence မှာ CD-ROM ကို First Boot Device အဖြစ်
ထားလိုက်ပါတယ်။
(၅) Boot Sequence ရဲ့ First Boot မှာ CD-ROM ကို ရွေးချယ်ပြီးတဲ့အခါ Key ကိုနှိပ်ပြီး Main Menu ကို သွားလိုက်ပါတယ်။
Save လုပ်ရန်အတွက် Key ကို နှိပ်လိုက်ပါတယ်။ ထိုအခါ
ပုံတွင်ပြထားသည့်အတိုင်း Save to CMOS
and EXIT (Y or N) y လို့မေးတဲ့အခါ "Y" Key ကိုနှိပ်ပြီး Enter
Key ကို ခေါက်လိုက်ပါ။ CMOS Setup မှာ
ပြောင်းလဲထားတဲ့အချက်တွေကို Save လုပ်ပြီး Reboot ပြန်လုပ်တာ တွေ့ရပါတယ်။
CMOS က Save လုပ်ပြီး ထွက်လိုက်တာ ဖြစ်ပါတယ်။
ထိုအခါ
အောက်ပါအတိုင်း CD-Drive မှ Boot လုပ်ရန်အတွက် နှစ်သက်ရာ Key တစ်ခုခုကို
နှိပ်ရန် ညွှန်ကြား ချက်တစ်ခု ထပ်မံပေါ်လာပါလိမ့်မယ်။ ညွှန်ကြားချက်မှ
ရှေ့ဆက်သွားရန် "Enter" ခေါက်လိုက်ပါတယ်။
ထိုအခါ
အောက်ပါအတိုင်း Windows Files များကို Copy ကူးပြီးလို့ Restart
လုပ်ပြီးရင် CD နဲ့ Boot လုပ်စရာ မလိုပါ။ ဒါကြောင့် "Press any key to boot from CD."
ဆိုတဲ့ စာပေါ်လာရင် မည်သည့် Key မှ နှိပ်ပေးရန် မလိုအပ်ပါ။
ပြီးသော်
အောက်တွင်မြင်တွေ့ရသည့်အတိုင်း Welcome Setup ကို တွေ့ရပါမယ်။ Enter ခေါက်ရင် Continue, Repair လုပ်ချင်ရင် R
ကို နှိပ်ပါ၊ ပြန်ထွက်ရန် F3 ကို
နှိပ်ပါဆိုတဲ့ ညွှန်ကြားချက်မှ ရှေ့ဆက်သွားရန် "Enter" ခေါက်လိုက်ပါတယ်။
ထိုအခါ
အောက်ဘက်တွင် တွေ့ရသည့်အတိုင်း License Agreement မေးနေတဲ့အတွက် သဘောတူညီ
ကြောင်း "F8" Key ကို
နှိပ်လိုက်ပါတယ်။
ဆက်လက်ပြီး ညွှန်ကြားချက်များအတိုင်း ရှေ့ဆက်သွားရန်
"Enter" Key ကို ခေါက်လိုက်ပါ။
ထိုအခါ
Windows XP ထည့်သွင်းရန် Drive ရွေးခိုင်းခြင်း ဖြစ်ပါတယ်။ ပုံတွင်
ပြထားသည့်အတိုင်း Unpartitioned Space 16379 MB လို့ ပြနေတာကို တွေ့ရပါတယ်။
Partition ပိုင်းတဲ့အခါ Create နဲ့ Delete ဆိုတဲ့ Menu နှစ်ခု ကို
အသုံးပြုရမှာ ဖြစ်ပါတယ်။ Create ဟာ Partition ပိုင်းလိုတဲ့အခါ
အသုံးပြုပြီး၊ Delete ဟာ Partition ဖျက်လိုတဲ့အခါ အသုံးပြုပါတယ်။ Partition
မပိုင်းရသေးရင် Create Menu ကိုသာ တွေ့ရမှာဖြစ်ပြီး Partition
ပိုင်းပြီးတဲ့အခါ Delete Menu ပါ ပေါ်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ Data
ရှိတဲ့ Hard Disk ဆိုရင် Partition ကို Delete လုပ်ပြီး ဖျက်လိုက်တာနဲ့
Hard Disk အတွင်းမှာရှိတဲ့ Software နဲ့ Data တွေအားလုံး ပျက်စီးသွားမှာ
ဖြစ်ပါတယ်။
Partition
မပိုင်းပဲ တစ်ခုတည်း ထား၍ Install တင်ချင်ရင် "Enter" Key ကို နှိပ်ပါ။
Maximum Size အတိုင်း Partition ခွဲပေးမှာ ဖြစ်ပါတယ်။ Hard Disk ကို
Partition
ဖန်တီးလိုပါက "C" Key ကို
နှိပ်ပါ။ သို့မဟုတ် ပြန်ထွက်လိုပါက "F3"
Key ကို နှိပ်ပါဆိုတဲ့ ညွှန်ကြားချက်တစ်ခု ထပ်မံပေါ်လာပါမယ်။
Partition ကို C: နှင့် D: ဆိုပြီး အညီအမျှ (၂)ပိုင်း ပိုင်းထားကာ C:
ထဲတွင် Windows နှင့် အခြား Softwares များတင်ရန်နှင့် D: ထဲတွင် Data
Backup များပြုလုပ်နိုင်ဖို့အတွက် Create လုပ်ရန် "C" Key ကို နှိပ်လိုက် ပါတယ်။
ပြီးနောက် နှစ်ပိုင်းထားလိုတဲ့အတွက် ပေါ်နေတဲ့ 16379 MB ကို Back Space နှိပ်ပြီး
ဖျက်လိုက်ပါတယ်။ မိမိ ခွဲလို တဲ့ Partition Size ကို ရိုက်ထည့်လိုက်ပါတယ်။
ဥပမာ- အညီအမျှ ထားလိုပါက 8190 လို့ ရိုက်ထည့်ပေးခြင်းမျိုး ဖြစ်ပါတယ်။
ပြီးသော် "Enter" Key ကို
ခေါက်လိုက်ပါ။
ဒုတိယ
Partition ပိုင်းရန် Unpartitioned Space ကို ရွေးချယ်ပြီး Create လုပ်ရန်
"C" Key ကို နှိပ်လိုက်ပါ။
ပြီးနောက် "Enter" Key ကို နှိပ်လိုက်ပါတယ်။ Partition
နှစ်ပိုင်းပိုင်းထားပြီးနောက် Windows XP ကို Drive C: နဲ့ Drive D: အနက်
နှစ်သက်ရာတစ်ခုခုမှာ ထည့်နိုင်ပါတယ်။ Windows XP ကို Install လုပ်ရန် Drive
C: ကို ရွေးချယ်ပြီး "Enter" Key ကို ခေါက်လိုက်ပါတယ်။
ထိုအခါ အောက်တွင်ပြထားသည့် အတိုင်း Format Partition အပိုင်းကို တွေ့ရမှာ
ဖြစ်ပါတယ်။ Partition ခွဲ ပြီးတဲ့အတွက် Format လုပ်မှာဖြစ်ပါတယ်။ Format
ရွေးချယ်စရာ (၄)မျိုးကို တွေ့နိုင်ပါတယ်။ NTFS (သို့) FAT နဲ့ပိုင်းမှာလား၊
Quick Format လုပ်မှာလားဆိုတဲ့ မေးခွန်းတွေကို တွေ့ရပါတယ်။
FAT
Hard
Drive က 2GB ထက် ငယ်မယ်ဆိုရင်တော့ FAT နဲ့ Format ချခဲ့မယ်။ 2GB
ထက်ကြီးနေမယ် ဆိုရင် တော့ FAT32 ပေါ့။ ဒီနေ့ခေတ်မှာတော့ FAT (FAT16) က
မသုံးသလောက် ဖြစ်သွားပါပြီ။ ဒါကြောင့် FAT32 ကိုပဲ အများဆုံး
တွေ့ရမှာဖြစ်ပါတယ်။ Partition နှစ်ပိုင်းပိုင်းထားပြီး တစ်ပိုင်းကို FAT32
ထားမယ်၊ နောက် တစ်ပိုင်းကို NTFS ထားမယ်ဆိုရင်တော့ FAT32 ကနေ NTFS ကို
တွေ့ရမှာ မဟုတ်ပါ။ သုံးလို့ရမှာ မဟုတ်ပါ။
NTFS
Windows 2000 ရဲ့ NTFS က (NTFS 5) ပါ။ Windows 4.0 ရဲ့ (NTFS 4) ထက် ကောင်းမွန်တဲ့အချက် (သို့) NTFS
4 က မလုပ်နိုင်သော အချက်အနည်းငယ် ရှိပါတယ်။ အဲဒါတွေကတော့ အသုံးပြုသူတွေကို
Hard Disk Space ကို သူ့ကိုသုံးသလောက်ပဲ ခွဲဝေပေးလို့ရပါတယ်။ Hard Drive
ထဲမှာ File and Folder တွေကို Security အတွက် Encrypt လုပ်နိုင်ပါတယ်။
Windows 2000 ရဲ့ Dynamic Disk Configuration ကို Support လုပ်ပါ တယ်။
သင့်ရဲ့ Computer မှာ Windows System တစ်မျိုးတည်းသာ သုံးမယ်ဆိုရင် NTFS
ကို သုံးတာ အကောင်းဆုံးပါပဲ။ Local File Security လည်း ရမယ်လေ။
Quick
Format ဟာ Format တစ်ကြိမ်လုပ်ပြီးတဲ့ Partition တွေအတွက် ဖြစ်ပါတယ်။
ဒါကြောင့် "Format the partition using
the NTFS file system" ကို ရွေးချယ်လိုက်ပါတယ်။
အောက်ဘက်ပုံတွင်
မြင်တွေ့ရသည့်အတိုင်း Format လုပ်နေသည်ကို တွေ့ရပါမယ်။ Windows XP ဟာ
Drive C: ကိုသာ Format လုပ်ပေးမှာဖြစ်ပြီး ကျန်တဲ့ Drive D: ကိုတော့
Windows XP တင်ပြီးတဲ့နောက်မှသာ ကိုယ်တိုင် ပြန်လည်ပြီး Format လုပ်ရမှာ
ဖြစ်ပါတယ်။
Format
လုပ်ပြီးတဲ့အခါမှာ Windows XP Files တွေကို CD-ROM ထဲမှ Hard Disk ထဲကို
Copy ကူးနေတာ တွေ့ရပါတယ်။
Copy
ကူးယူနေမှု လုပ်ငန်းစဉ်အား အချိန်အနည်းငယ် စောင့်လိုက်ပါ။
ထိုအခါတွင်
အောက်ဘက်တွင် ပြထားသည့်အတိုင်း Windows အတွက် လိုအပ်သော Configuration
များကို စတင်ဆောင်ရွက်နေပါပြီ။
လိုအပ်တဲ့
Files တွေကို Copy ကူးပြီးတဲ့အခါမှာတော့ အောက်ပါအတိုင်း Restart
ပြန်လုပ်နေတာကို တွေ့ရမှာ ပါ။ စောင့်ဆိုင်းရန် စိတ်မရှည်သူများအတွက်ကတော့ "Enter" Key ကို သာနှိပ်လိုက်ပြီး
Restart ပြန်လုပ် လိုက်ပါ။
Computer
ကို Restart ပြန်လုပ်ပြီးတဲ့အခါ "Press any key to boot from CD....."
လို့ ပြနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ CD-ROM နဲ့ Boot လုပ်စရာမလိုတဲ့အတွက်
မည်သည့် Key မှ ထပ်မံပြီးနှိပ်စရာ မလိုတာကိုတော့ အထူးသတိပြုဖို့ လိုပါတယ်။
ပုံတွင်
ပြထားသည့်အတိုင်း Windows XP Logo တက်လာပါတယ်။
ထိုအခါ
အောက်ဘက်တွင် မြင်တွေ့ရသည့်အတိုင်း Windows XP ဟာ 39 Minutes ကြာရင်
ပြီးဆုံးမှာ ဖြစ်ပါ တယ်။
အောက်ဘက်တွင်
မြင်တွေ့နေရသည့် ပုံမှာ Windows XP Setup မှ လိုအပ်တဲ့ Files များကို Copy
ကူးယူနေပုံ ဖြစ်ပါတယ်။
အောက်ပါမြင်တွေ့ရသည့်
ပုံအတိုင်း Regional and Language Options ပေါ်လာပြီး၊ Default အတိုင်း
ယူမှာ ဖြစ်လို့ Next ပေါ်မှာ Click ခေါက်လိုက်ပါ။
အောက်ပါပုံအတိုင်း
Installation လုပ်သူရဲ့ Name နဲ့ Organization ကို တောင်းတဲ့အတွက် Name
နဲ့ Organization မှာ နှစ်သက်ရာ အမည်နဲ့ ကုမ္ပဏီ တစ်ခုခုကို
ဖြည့်ပေးလိုက်ပါ။
ဆက်လက်ပြီး ပုံပါအတိုင်း Windows XP ရဲ့ Product
Key ကို ထည့်ပေးရန် လိုအပ်ပါတယ်။ ပြီးနောက် Next ကို Click နှိပ်လိုက်ပါတယ်။
ထိုအခါ
အောက်ဘက်တွင် မြင်ရသည့်အတိုင်း Computer
Name တောင်းတဲ့အခါ သင်နှစ်သက်ရာ အမည် တစ်ခုခုကို ရိုက်ထည့်ပေးပါ။
ထို့နောက်တဖန် Passward ထည့်ထားလိုပါက Administrator
Passward နဲ့ Confirm Passward
ရှိ အကွက်ထဲမှာ သင့်စိတ်ကြိုက် Passward တစ်ခုခုကို တူညီမှုရှိအောင်
ထည့်သွင်း ပေးရပါမယ်။
သင့် Computer ရဲ့ Security အတွက် လုံခြုံမှုရှိအောင် Passward ကို ဒီအတိုင်း blank မထားလိုက်ပါနဲ့။ Passward
ကောင်းကောင်းလေးတစ်ခုလောက်တော့ ထည့်သွင်းပေးထား စေလိုပါတယ်။ ဥပမာ-
ခိုင်မာတဲ့ passward တွေမှာတော့ Letters
များ၊ Numbers နဲ့ Symbols များ ပါဝင်ပြီး Dictionary
စာအုပ်ထဲမှာ မရှိတဲ့ စကားလုံးတွေ ဖြစ်ရပါမယ်။ ဥပမာ- အောက်ဖော်ပြပါ Passward
များကို လေ့လာကြည့်ပါ။
* dR9f?a9e
* b7$Pruc?
* tExjf$n4
* 2!hATrat
* s@A3ifus
ဆက်လက်ပြီး အောက်ပါပုံအတိုင်း Date and Time Settings ကို မေးပါတယ်။ Next ပေါ်မှာ
Click ခေါက်လိုက် ပါ။
ထိုအခါ
Network Settings တွေကို မေးလာတဲ့အခါ Typical
Settings ကို ရွေးချယ်ပြီး၊ Next
ပေါ်မှာ Click ခေါက်လိုက်ပါတယ်။
အကယ်၍
Workgroup နှင့် Domain Setting များအတွက် ထပ်မံပေါ်လာပါက သူ့နဂိုပါ
Default Settings အတိုင်းပင် ထားလိုက်ပါ။ ထို့နောက် Next ကို ထပ်မံ၍ Click ခေါက်လိုက်ပါတယ်။
Network ချိတ်ဆက်ရန် အတွက် computer တစ်လုံးနဲ့တစ်လုံး Workgroup Name
တူညီဖို့လိုအပ်ပါတယ်။ Computer Name ကတော့ စက်တစ်လုံးကို
တစ်မျိုးဖြစ်ပါတယ်။
Finalizing Installation
လုပ်ပြီးတဲ့အခါမှာ computer ကို ဒုတိယအကြိမ် Restart ပြန်လုပ်ပါတယ်။ "Press any key to boot from CD....."
လို့ ပေါ်လာရင် မည်သည့် Key ကိုမျှ မနှိပ်ရပါ။ (Windows XP CD နဲ့ Boot
မလုပ်ရပါ။)
ထိုအခါတွင် အောက်ဘက်ပုံပါအတိုင်း Computer ရဲ့ Screen Resolution ကို ပြောင်းလဲရန် Windows XP က ရှာဖွေပါလိမ့်မယ်။ ထို့ကြောင့်
Windows XP က အကြံပေးထားသည့်အတိုင်း Screen Resolution ကို အနည်း ဆုံး 800x600 Setting အနေအထားမှာသာ
ထားရှိပေးပါစေ။
ထို့နောက်
OK ကို Click
ထပ်မံနှိပ်လိုက်ပြီး ဆက်သွားလိုက်ပါတယ်။
Windows XP Logo တက်လာပြီး အောက်ဘက်ပုံတွင် မြင်တွေ့ရသည့်အတိုင်း Welcome Screen ပေါ်လာ တဲ့အခါ Next ပေါ်မှာ Click ခေါက်လိုက်ပါတယ်။
ပြီးနောက်
Internet Connection တွေကို
မေးတဲ့အခါ Skip ပေါ်မှာ Click
ခေါက်ပြီး ကျော်လိုက်ပါတယ်။
ထပ်မံပြီး Computer မှ Internet (သို့) Network ဆီသို့ တိုက်ရိုက်ချိတ်ဆက်မှု
ပြုလုပ်ရန် ညွှန်ကြားချက်တစ်ခု ပေါ်လာပါမည်။ Skip ကို ရွေးချယ်ပြီး Click ခေါက်လိုက်ပါတယ်။
ထို့နောက် အောက်ပါအတိုင်း Register လုပ်ခိုင်းတဲ့အခါ "No not at this time" ကို Select လုပ်ပြီး Next ပေါ်မှာ Click ခေါက်လိုက်ပါတယ်။
Login
(၀င်ခွင့်ပြုပါ)
Windows ဘယ် Version မဆို computer တစ်လုံးထဲမှာ User အများကြီးကို တစ်ယောက်ချင်းစီ ကိုယ့်စိတ် ကြိုက် Setting
နဲ့ ၀င်ရောက်လို့ရပါတယ်။ ဒီလိုဖြစ်စေဖို့အတွက် Windows တက်လာတာနဲ့ Windows
ထဲကို ၀င်ဖို့ရာ ဦးစွာ Login လုပ်ရပါတယ်။ သို့သော်လည်း တစ်ချို့က
ကိုယ့်ရဲ့စက်ကို ကိုယ်ပဲသုံးမယ်။ Login Box လည်း မထားဘူး။ Passward လည်း
မထားဘူးဆိုရင်တော့ Login လုပ်စရာမလိုပဲ Desktop တန်းပေါ်လာမှာ ဖြစ်ပါတယ်။
ဆက်လက်ပြီး
ပုံပါအတိုင်း Windows XP က သင့် Computer ကို Default User Name အနေနဲ့
ဝင်ရောက်ရန် အတွက် နာမည်ရိုက်ထည့်ရန် ညွှန်ကြားပါလိမ့်မယ်။ သင့်အနေဖြင့်
User Names (၅) ယောက်စာ သတ်မှတ် ပေးထားနိုင်သော်လည်း Installation ပြီးဆုံး
သွားတဲ့အခါမှာလည်း ထပ်မံ၍ သတ်မှတ်ပေးနိုင်ပါသေးတယ်။ ထို့ကြောင့် Your name အကွက်ထဲမှာ သင်နှစ်သက်ရာ
အမည်တစ်ခုခုကို ရိုက်ထည့်ပေးပြီး Next
ကို Click ထပ်မံ၍ နှိပ်ပေးလိုက်ပါတယ်။
ထိုအခါ
အောက်ဘက်ပုံပါအတိုင်း Thank you ပေါ်လာတဲ့အခါ Windows XP Installation
လုပ်ငန်းစဉ်ကြီး ပြီးဆုံးသွားပါပြီ။ Finish
မှာ Click ခေါက်လိုက်ပါတယ်။
Welcome
Screen နှင့်အတူ Windows XP စတက်လာပါပြီ။
ယခုဆိုရင် Windows XP ရဲ့ Desktop ထဲကို ရောက်ရှိသွားပါပြီ။ Desktop ဆိုတာ Windows
တက်လာရင် ပထမဆုံး အသုံးပြုသူထိတွေ့ရမယ့် Interface ပဲဖြစ်ပါတယ်။ Desktop ဟာ
အောက်ဆုံးအလွှာပါပဲ။ ဘာတွေပဲ ပေါ်ပေါ် သူ့အပေါ်မှာပဲ ပေါ်မှာဖြစ်ပါတယ်။
ဒီလောက်ဆိုရင် Windows XP Installation ကို အလွယ်တကူနဲ့
ပြုလုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။
0 comments:
Post a Comment